Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-12 03:49:02

13.9.2024 – Friday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ သောကြာနေ့  
Luke 6: 39-42- ဧဝံဂေလိကျမ်း ရှင်လုကာ ၆း၃၉-၄၂
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ကျွန်ုပ်တို့ လူရယ်လို့ဖြစ်လာပြီဆိုရင် ဘုရားသခင်က အမှားအမှန်၊ အကောင်းအဆိုးများခွဲခြားသိမြင်နိုင်သောအသိဉာဏ်ကိုယ်စီပေးထားပါတယ်။ အသိဉာဏ်ကို ပိုင်ဆိုင်သည်နှင့်အမျှအရာအားလုံးကို စီမံခန့်ခွဲတတ်လာတယ်။ တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းလာတဲ့အခါမှာ အရာအားလုံးဟာ အဆင်ပြေသွားတယ်။ ဤကနေ့ ဧဝံဂေလိတရားကျမ်းမှာ ကြားရသလို မျက်မမြင်အချင်းချင်း လမ်းပြလို့မရသလိုတပည့်တစ်ယောက်ကလည်း ဆရာသခင်ထက် မသာနိုင်ပါ။ သို့ပေမဲ့ တပည့်တစ်ယောက်ပညာတွေကို ကောင်းကောင်းမွန်မွန်သင်ယူခဲ့ရင်တော့ဆရာကောင်းတစ်ပါးတော့ဖြစ်နိုင်ချေရှိပါတယ်။ မရှိသူအချင်းချင်း၊ မတတ်သူအချင်းချင်း ဝေမျှသင်ကြားအကူညီပေးလို့မရဘူးဆိုတာတွေ့ရှိရပါတယ်။ လောကကိုအလှဆင်ချင်တယ်ဆိုရင် အရည်အချင်းတွေ၊ အသိပညာအားလုံးကို မချန်ထားပဲသူတစ်ပါးကို ရက်ရောစွာ ဝေမျှပေးကမ်းရမှာဖြစ်တယ်။ သို့မှသာလျှင်အရာအားလုံး လက်ဆင့်ကမ်းပြီးသားဖြစ်သလို သခင်ခရစ်တော်၏အလိုတော်ကို ဆောင်ရွက်ခြင်းလည်းဖြစ်တယ်။ နောက်တစ်ချက်အနေနဲ့ကိုယ့်မျက်စိထဲမှာရှိနေတဲ့သစ်တုံးစကို မမြင်ပဲ သူတစ်ပါးမျက်စိထဲမှာကပ်နေတဲ့အမှုန်အစအနလေးကို ဘယ်လိုထုတ်နိုင်မလဲဆိုပြီး တွေးနေတဲ့သူတွေကိုသတိပေးနေခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ လူတော်တော်များများမှာ ကိုယ့်မှာဖြစ်နေတဲ့အားနည်းချက်တွေ၊ မပြည့်စုံမှုတွေကို ကောင်းကောင်းနားမလည်၊ ဂရုလည်းမစိုက်ကြပဲသူတစ်ပါးအားနည်းချက်တွေ မပြည့်စုံမှုတွေကိုတော့ ဂရုစိုက်၊သတိထားမိတတ်ကြတာ အမှန်ပဲဖြစ်တယ်။ ဒါတွေလည်း လူ့ရဲ့ သဘောသဘာဝပဲဖြစ်ပါတယ်။ သို့သော်လည်း သခင်ခရစ်တော်က ဒီလူ့သဘာဝဆိုတဲ့အရာကို ဆန့်ကျင်ပြီးစိတ်ကောင်းနှလုံးကောင်းနဲ့ သူတစ်ပါးကို အကောင်းမြင်တတ်ဖို့ရန်သွန်သင်ပေးနေပါတယ်။ဒါကြောင့် ကျွန်ုပ်တို့ လောကမှာအသက်ရှင်နေထိုင်စဉ် ဘုရားအလိုတော်နှင့်အညီ သွန်သင်မှုတွေကို ကောင်းမွန်စွာလိုက်မယ်ဆိုရင် ဘယ်လောက်ပဲအခက်အခဲကြုံတွေ့နေပါစေ ရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကူညီရိုင်းပင်းတတ်သော ဘုရားရဲ့သားသမီးကောင်းများဖြစ်နိုင်ကြပါစေ။

 

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)