Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-19 02:10:35

20.9.2024 – Friday of Week 24th in Ordinary Time;
စက်တင်ဘာလ ၂၀ ရက်၊ ၂၀၂၄၊ ၂၄ကြိမ်မြောက်သာမန်ကာလ စနေနေ့  
Luke 8:1-3- ရှင်လုကာ ဧဝံဂေလိကျမ်း ၈း၁-၃
Reflection by Sr. Monica (LWST)
Posted by Sr. Benedetta Myat Hnin Nwe(ISR)    

ယနေ့ ရှင်လုကာရေးထားတဲ့ကျမ်းမှာ ကိုယ်တော်ကမြို့ရွာများသို့ လှည့်လည်တော်မူပြီး ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်တဲ့သတင်းကောင်းကို ဟောပြောသွန်သင်တော်မူခဲ့တာကို တွေ့ရပါတယ်။ ဒီလိုသွန်သင်တော်မူစဉ်မှာ တပည့်တော်တစ်ဆယ့်နှစ်ပါးတို့သည်လည်းကိုယ်တော်နှင့်အတူလိုက်ပါလာကြတယ်။ တခြားသူတွေလည်း ပါဝင်ခဲ့တာတွေ့ရတယ်။ သူတို့က ဘယ်သူတွေလဲဆိုရင်နတ်ဆိုးပူးခြင်း အနာရောဂါများမှပျောက်ကင်းချမ်းသာရခဲ့ကြတဲ့အမျိုးသမီးအချို့တို့လဲပါဝင်ခဲ့ကြတယ်။ နတ်ဆိုးခုနှစ်ကောင် သူမအထဲကထွက်သွားခဲ့တဲ့မာဒလေနားခေါ် မာရီယား ဂျိုအန်နား၊ ဇူဇာနားတို့လည်းပါဝင်ခဲ့တယ်။သူတို့တွေက ကိုယ်တော်နှင့်တပည့်တော်တို့ကို မိမိတို့ပိုင်ဆိုင်သမျှပစ္စည်းဥစ္စာများနဲ့ကျွေးမွေးပြုစုခဲ့တာပဲဖြစ်တယ်။ထောက်ရှုစရာက“ အသွင်ပြောင်းခြင်းနဲ့တုံ့ပြန်မှု”ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ဘဝမှာသူ့မေတ္တာတန်ခိုးကိုကျွန်ုပ်တို့တွေ့ကြုံခံစားရတဲ့အခါကျွန်ုပ်တို့က သူ့ Mission မှာ ပါဝင်ခြင်းဖြင့်တုံ့ပြန်ဖို့ကျွန်ုပ်တို့ကို ဖိတ်ခေါ်နေပါတယ်။ ကျွန်ုပ်တို့ နေ့စဉ်အသက်တာမှာဘုရားသခင်ထံမှကျွန်ုပ်တို့ရရှိတဲ့ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုများအတွက်ကျေးဇူးသိတတ်ခြင်းလဲရှိဖို့လိုအပ်ပါတယ်။ ဒါမှသာကျွန်ုပ်တို့ ဘုရားကိုလွတ်လွတ်လပ်လပ်ပြန်လည်ပေးဆပ်နိုင်မှာဖြစ်ပါတယ်။ ကျွန်ုပ်တို့တွေလည်းကိုယ့်ဘဝမှာဘုရားကောင်းမြတ်မှု၊ဘုရား၏ချစ်ခြင်းတွေ ရှာဖွေပြီး ကျေးဇူးတင်တတ်မှသာ သူ့ကိုပိုချစ်နိုင်မှာဖြစ်ပါတယ်။

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)