Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-11 03:18:25

12.9.2024 – Thursday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန် ကြာသပတေးနေ့  
Luke 6:27-38- ဧဝံဂေလိကျမ်း ရှင်လုကာ ၆း၂၇-၃၈
Reflection by Sr. Rebecca Niang San Cing (L .W .S .T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ယနေ့ ဘုရား၏နှုတ်ကပါတ်တော်ကျမ်းမှာရန်သူကိုချစ်ဖို့၊ ကိုယ်နဲ့နီးစပ်သောသူကို ကိုယ်ရှင်ကဲ့သို့ချစ်ဖို့၊သူတစ်ပါးအပြစ်တွေကို မစီရင်မဆုံးဖြတ်ပဲခွင့်လွှတ်တတ်ဖို့ရန် ဤကနေ့ဧဝံဂေလိကျမ်းက ကျွန်ုပ်တို့ကိုသတိပေးနေပါတယ်။“ရန်သူကို မိတ်ဆွေပြောင်းခြင်း”လောကမှာ ရန်သူတစ်ထောင်ရှိတာထက် မိတ်ဆွေကောင်းတစ်ယောက်ရှိတာက ပိုပြီးပျော်ရွှင်ရပါတယ်။လူတိုင်းဟာချစ်ခြင်းမေတ္တာကိုသာ လိုချင်ကြပါတယ်။ဘယ်သူတစ်ဦးတစ်ယောက်မျှ ရန်သူကိုမလိုချင်ကြပါဘူး။ရန်သူကိုကျွန်ုပ်တို့ မိတ်ဆွေအဖြစ်ကိုယ့်ကိုမချစ်မနှစ်သက်သူတွေ၊ မခေါ်မပြောချင်တဲ့သူတွေကို အမြဲသတိရဆုတောင်းပေးပါ။ စိန့်ထရေဇားလေးက“ ကျွန်မကို မချစ်မနှစ်သက်၊ မပေါင်းသင်းချင်တဲ့သူတွေကျွန်မကို ဒုက္ခပေးတတ်တဲ့သူတွေဆီမှာတမင်တကာ သွားပြီးမှ ပေါင်းသင်းဆက်ဆံနေထိုင်လေ့ရှိပါတယ်။ ဒီလိုလုပ်ရတာဟာကျွန်မအတွက် အခက်အခဲမရှိပါဘူး။ ပိုပြီးမှပျော်ရွှင်မှုကို ကျွန်မခံစားပါတယ်”လို့ သူမဆိုခဲ့ပါတယ်။ဒီနည်းလမ်းမျိုးဟာ သခင်ခရစ်တော်လိုချင်တဲ့နည်းလမ်းမျိုးပဲဖြစ်ပါတယ်။“သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ”ဆိုတာဟာ ခရစ်ယာန်လမ်းစဉ်မဟုတ်ပါ။“သင်ကောင်းကောင်းမကောင်းကောင်း ကျွန်ုပ်ကချစ်နေရမည်”ဆိုတဲ့အချစ်မျိုးနဲ့ ကိုယ့်ရန်သူတွေကိုချစ်ဖို့ရန်သာဘုရားသခင်အလိုချင်ဆုံးဖြစ်ပါတယ်။ ဒီလိုအချစ်မျိုးဟာဘုရားအချစ်မျိုး“Agape Love”လို့ခေါ်ပါတယ်။ လှလို့ချစ်တာမဟုတ်ပဲချစ်လို့လှတာပါ။သီချင်းစာသားလိုမျိုးဘုရားကျွန်ုပ်တို့ကိုချစ်နေတာက ကျွန်ုပ်တို့လှလို့၊ ချစ်စရာကောင်းလို့ ချစ်တာမျိုးမဟုတ်ဘူး။ ကျွန်ုပ်တို့က မုန်းစရာကောင်းတဲ့အချိန်တွေမှာတောင် ကျွန်ုပ်တို့အတွက် သူ့ရဲ့အသက်ကို စတေးဖို့ အသင့်ရှိနေသူပါ။ ဒါကြောင့် သခင်ယေဇူးက“ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့” ဟုဆိုရခြင်းဖြစ်တယ်။ကျွန်ုပ်တို့တစ်ယောက်နဲ့တစ်ယောက်အပြစ်မစီရင်ဖို့ ဘုရားသခင်ကကျွန်ုပ်တို့ရဲ့အားနည်းချက်တွေကို စိတ်ရှည်သည်းခံပြီး ရှင်သန်ခွင့်ပေးတဲ့ဘုရားဖြစ်တယ်။ ထိုနည်းတူစွာကျွန်ုပ်တို့လည်း သူတစ်ပါးရဲ့အားနည်းချက်များကိုအပြစ်မတင်ပဲ နားလည်ခွင့်လွှတ်ပေးဖို့ဖြစ်ပါတယ်။ လူတိုင်းကို လူဆိုး၊ လူကောင်းဆိုပြီး ကျွန်ုပ်တို့စီရင်ဆုံးဖြတ်စရာမလိုပါ။ ဘုရားသခင်ကသာလျှင် စီရင်ဆုံးဖြတ်ရမှာဖြစ်တယ်။ သူတစ်ပါးကိုအပြစ်မတင်မီ ဦးစွာမိမိကိုယ်တိုင်၏ အားနည်းချက်၊ချို့ယွင်းချက်များကို ရှာဖွေစီစစ်ရမှာဖြစ်တယ်။ (Lk 7:41-43) ကျွန်ုပ်တို့တစ်ဦးချင်းစီလည်းစစ်မှန်သောချစ်ခြင်းအားဖြင့်သူတစ်ပါးရဲ့အပြစ်ကိုခွင့်လွှတ်နားလည်နိုင်သော ချစ်ခြင်းမေတ္တာမျိုး ပိုင်ဆိုင်သောသူများဖြစ်ကြပါစေ။

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)