Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-16 05:21:39

17.9.2024 – Tuesday of Week 24th in Ordinary Time;
၂၀၂၄၊စက်တင်ဘာလ ၁၇ ရက်၊  ၂၄ ကြိမ်မြောက်သာမန်ကာလအင်္ဂါနေ့  
Luke 7:11-17- ဧဝံဂေလိကျမ်း ရှင်လုကာ ၇း၁၁-၁၇
Reflection By  Sr Celestina Wai (LWST)
Posted by Sr. Benedetta Myat Hnin Nwe(ISR) 

 ဒီကနေ့ထောက်ရှုရတဲ့ကျမ်းစာမှာ မုဆိုးမရဲ့သားကို အသက်ရှင်ပြန်ရှင်စေတဲ့အကြောင်းပဲဖြစ်တယ်။ အစနဲ့အဆုံးမရှိခြင်းဟာဖန်ဆင်းရှင်ဖြစ်ခြင်းရဲ့အမှတ်လက္ခဏာဖြစ်သလို အစအဆုံးရှိခြင်းဟာလည်းဖန်ဆင်းခံဖြစ်ရခြင်းရဲ့အမှတ်လက္ခဏာပဲဖြစ်တယ်။ လူသားအစ မြေမှုန့်ကဆိုပြီးသမ္မာကျမ်းစာတော်မြတ်က သက်သေခံထားတာတွေ့ရသလို သေခြင်းတရားရဲ့အဆုံးသတ်နောက်ကွယ်မှာ ရှင်ပြန်ထမြောက်ခြင်းရှိနေသည်ကို မမေ့လျော့ဖို့သတိထားရမှာပဲဖြစ်တယ်။ ထာဝရဘုရားသခင်နှင့်အတူ ဖန်ဆင်းခြင်းအစက အတူ နေရသည့်ဘဝသို့ ပြန်ရောက်စေရန်အတွက် ကယ်တင်ရှင်ယေဇူးကို ကျွန်ုပ်တို့အတွက်အသေခံစေခြင်းဖြင့် သက်သေပြခဲ့ပါတယ်။ ယေဇူးဘုရားရှင်ကိုယ်တိုင်က သူ၏သနားကြင်နာမှုကြောင့် အကူအညီလိုအပ်နေသူများအတွက် ကူညီပေးခဲ့တဲ့သူဖြစ်တယ်ဆိုတာကို ဒီကနေ့ကျမ်းစာက သက်သေပြခဲ့ပါတယ်။ယေဇူးဘုရားရှင်သည် အခြားသောသူများကိုသာ ရှင်ပြန်ထမြောက်စေခြင်းသက်သက်မဟုတ်ပဲ သူကိုယ်တိုင်အသေခံပြီးမှသုံးရက်မြောက်နေ့၌ သေခြင်းတရားကိုအောင်နိုင်ပြီး သေရာမှ ရှင်ပြန်ထမြောက်ခဲ့တယ်။သူရဲ့ရှင်ပြန်ထမြောက်ခြင်းကြောင့် သေမျိုးဖြစ်တဲ့ကမ္ဘာလူသားအပေါင်းတို့သူ့ရဲ့သေခြင်း၌ပါဝင်ကြရသည့်နည်းတူသူ၏ရှင်ပြန်ထမြောက်ခြင်း၌လည်းပါဝင်စေပြီး ထာဝရအသက်ချမ်းသာရရှိခွင့်ကိုလည်းပေးခဲ့ပါတယ်။ လူသားတွေရဲ့အစနဲ့အဆုံးဟာ ကိုယ်တော်၌သာရှိနေပါတယ်။ ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့် ကောင်းကင်နိုင်ငံတော်အကြောင်းကိုပူဆွေးသောကရောက်နေကြတဲ့သူတို့အား ဟောပြောသက်သေခံရန်နှင့်နှစ်သိမ့်ပေးနိုင်ရန်ကျွန်ုပ်တို့ကို ကိုယ်တော်အလိုရှိနေပါတယ်။

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)