Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-20 06:32:27

21.9.2024 – Saturday of Week 24th in Ordinary Time;
စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၄၊ ၂၄ကြိမ်မြောက်သာမန်ကာလ စနေနေ့  
Matthew 9:9-13- ရှင်မာတေးဦး ဧဝံဂေလိကျမ်း ၉း၉-၁၃
Reflection By Sr. Maria Van (LWST)
Posted by Sr. Benedetta Myat Hnin New(ISR)

သခင်ယေဇူးခရစ်တော်ဘုရားရှင်သည် အခွန်ရုံးမှာထိုင်ပြီးအခွံကောက်ခံနေတဲ့မာတေဦးကိုခေ်ပြီးနောက်အခွန်ခံသူ၊အပြစ်ရှိသူတွေအိမ်မှာစားသောက်နေတာကိုဖတ်ရှုရပါတယ်။လူတွေကအပြစ်ရှိသူလို့ သတ်မှတ်ကြတဲ့အခွန်ခံမာတေဦးကိုသူ့ရဲ့ အနီးကပ်ဆုံးနောက်လိုက်အဖြစ်ခေါ်လိုက်ခြင်းနှင့်အပြစ်ရှိသူတွေအခွန်ခံသူတွေနဲ့အတူစားပွဲမှာထိုင်ပြီးစားသောက်ခြင်းဟာလည်း ဖာရီဇေဦးတွေအတွက်ပြောစရာဖြစ်နေခဲ့ပါတယ်။ထောက်ရှုရမယ့်အချက်သုံးချက်ရှိပါတယ်။ပထမအချက်ကသခင်ခရစ်တော်ဘုရားရှင် ၏Mission ဖြစ်သောကယ်တင်ခြင်းလုပ်ငန်းလုပ်ဆောင်ရာမှာ ဘယ်သူတွေဘာပဲပြောပြောဘယ်လိုပဲတိုက်ခိုက်ကြပါစေသူ့လုပ်ငန်းကိုပြီးဆုံးအောင်လုပ်လေ့ရှိကြောင်းကျွန်ုပ်တို့သင်ခန်းစာယူသင့်ကြောင်း ၊ဒုတိယအချက်မှာခရစ်တော်ဘုရားရှင် ဤလောကကို ဆင်းကြွလာခြင်းကအပြစ်သားတွေကိုကယ်တင်ဖို့ပဲဖြစ်ပါတယ်။ကျန်းမာတဲ့သူတွေက ဆေးဆရာတွေမလိုဆေးခန်းသွားစရာမလိုပါဘူး။ကျွန်ုပ်တို့အပြစ်သားတွေကတော့ အပြစ်ခွင့်လွှတ်ခြင်းခံရပြီးကယ်တင်ခြင်းခံရဖို့ရန်အတွက်အပြစ်များကို အခွင့် လွှတ်ခြင်းချမ်းသာပေးနိုင်တဲ့ခရစ်တော်ဘုရားရှင်ထံ အမြဲချဉ်းကပ်ပြီး မိမိတို့ရဲ့အပြစ်တွေအတွက် နောင်တယူကာအခွင့်လွှတ်ခြင်းကို တောင်းခံသင့်ကြောင်း ထောက်ရှုရင်းဘုရားရှင်က အပြစ်သားတွေနောင်တရပြန်လာမယ့် နေ့ရက်အချိန်ကိုအမြဲစောင့်မျှော်နေကြောင်းကိုလည်း အောက်မေ့သတိရကြရမယ်။နောက်ဆုံးအနေနဲ့ကျွန်ုပ်တို့ဘုရားရှင်ခရစ်တော်ထံမှရရှိခံစားရတဲ့ကျေးဇူးတော်တွေ၊ချစ်ခြင်းမေတ္တာ၊ခွင့်လွှတ်ခြင်း၊ သနားကရုဏာတွေကို တစ်ပါးသူများထံပြန်လည်ဝေမျှပြီး သခင်ခရစ်တော်၏ သစ္စာရှိသော နောက်လိုက်ကောင်းများဖြစ်ကြောင်းကို သက်သေခံရင်းမိမိတို့နေ့စဉ်ဘဝအသက်တာကိုနေထိုင်ရှင်သန်ကြပါစို့။

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)