Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-09 22:48:21

11.9.2024 – Wednesday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ဗုဒ္ဓဟူးနေ့  
Luke  6:20-26- ဧဝံဂေလိကျမ်း ရှင်လုကာ ၆း၂၀-၂၆
Reflection By Sr. Regina May(LWST)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

 အားလုံးပဲ “မင်္ဂလာပါ”လို့ နှုတ်ဆက်ပါတယ်။ ဒီကနေ့ မင်္ဂလာတရား ၈ ပါးနဲ့ ပတ်သတ်ပြီး တရားထောက်ရှုရအောင်။ ပထမဦးစွာ “မင်္ဂလာ”ဆိုတဲ့စကားလေးရဲ့ အဓိပ္ပာယ်ကဘာလဲ။ မြန်မာစကားနဲ့“မင်္ဂလာ”ပါလို့ နှုတ်ဆက်လိုက်ရင် ဝမ်းနည်းတဲ့သူရှိပါ့မလား။ မြန်မာလူမျိုးတွေအတွက် မင်္ဂလာဆိုတာအင်မတန်တန်ဖိုးကြီးလှပါတယ်။ ကြားနာသူအတွက်လည်းနားဝင်ချိုသလို ပျော်ရွှင်မှုလည်းခံစားရတယ်။ စာရေးဆရာဦးအောင်သင်းရဲ့“လူငယ်များသို့ မင်္ဂလာပါ” စာအုပ်မှာ မင်္ဂလာဆိုတာ“ကောင်းခြင်း၊ ပွားခြင်းသို့ရောက်ခြင်း၊ ချီးမွမ်းအပ်သော၊ ကောင်းမြတ်သောတရားလို့ ဖွင့်ဆိုထားပါတယ်။ ဘာသာရေးမှာကြည့်မယ်ဆိုရင်လည်း “ဂုဏ်ကျေးဇူးတော်နှင့်ပြည့်စုံတော်မူသော သခင်မသင်၌ မင်္ဂလာ” ရှိစေသတည်း။ (လုကာ ၁း၂၈ )ဥစ္စာပစ္စည်းဆင်းရဲခြင်းကိုလူအများစုက အလိုမရှိကြပါဘူး။ ဝမ်းနည်းပူဆွေးမှုကို ဘယ်သူမှမခံစားချင်ကြပါဘူး။ ငတ်ပြတ်ဆာလောင်ခြင်းကို အကျွန်ုပ်တို့ အလိုမရှိပါဘူး။ ဒါပေမဲ့လူ့ဘောင်အသိုင်းအဝိုင်းမှာတရားမျှတမှုတွေ ပိုမိုထွန်းပြောင်၊ ထွန်းကားလာဖို့ကျွန်ုပ်တို့ ဆာလောင်သင့်ပါတယ်။ ကျမ်းစာထဲမှာ ဖတ်ရတဲ့အတိုင်း “မင်္ဂလာတရား” အားလုံးဟာ ခံထမ်းဖို့ခက်ခဲပေမဲ့ ခရစ်ယာန်ဘဝမှာ ဘယ်လောက်ပဲဒုက္ခတွေ တွေ့ကြုံနေပါစေ ဘုရားရဲ့ကျေးဇူးတော်တွေနဲ့ ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။(၂‌ ကော် ၁း၄)“ငါတို့ဆင်းရဲဒုက္ခခံစားနေချိန် ကိုယ်တော်သည် အားပေးနှစ်သိမ့်တော်မူ၏။”မင်္ဂလာရှိသောသူများဖြစ်နိုင်ကြပါစေ။

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)