Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-08 23:20:01

10.9.2024 – Tuesday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၀ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်အင်္ဂါနေ့  
St. Nicholas of Tolentino
Luke 6:12-19- ဧဝံဂေလိကျမ်း ရှင်လုကာ ၆း၁၂-၁၉
Reflection by Sr.Cecilia Huai Huai (LWST)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ဒီနေ့ကျမ်းချက်မှာသခင်ယေဇူးက တမန်တော် ၁၂ ပါးကို ရွေးချယ်တော်မူခဲ့ခြင်းအကြောင်းနှင့်အနာရောဂါတွေကိုပျောက်ကင်းစေတော်မူတဲ့အကြောင်းကိုတွေ့ရပါတယ်။ သခင်ယေဇူးက အလုပ်တစ်ခုခုကိုလုပ်တော့မယ်ဆိုရင် အရင်ဆုံးဆုတောင်းလေ့ရှိတယ်။ တစ်ညလုံးဆုတောင်းတာတွေ့ရပါတယ်။ ကျွန်ုပ်တို့လည်း သခင်ခရစ်တော်လို ဆုတောင်းတတ်ဖို့လိုအပ်ပါတယ်။ ကျွန်ုပ်တို့က တစ်ခါတစ်လေဆုတောင်းဖို့ အားနည်းတဲ့အချိန်၊အချိန်မပေးနိုင်တဲ့အခါမှာ ခရစ်တော်ကိုသတိရဖို့ လိုအပ်ပါတယ်။ ဆုတောင်းဖို့အချိန်မပေးနိုင်ဘူး၊ ဆုမတောင်းနိုင်ဘူးဆိုရင် ခရစ်တော်၏စစ်မှန်တဲ့ နောက်လိုက်တပည့်များဖြစ်နိုင်မည်မဟုတ်ပါ။သခင်ယေဇူးက သူ့နောက်တော်သို့လိုက်ကြသောသူများထဲမှာမှ တမန်တော်ကြီးအဖြစ် ၁၂ ပါးကို ထပ်မံရွေးကောက်တာကိုလည်း ကျွန်ုပ်တို့တွေ့ရပါတယ်။ တပည့်တော်ကြီး ၁၂ ပါးကို ရွေးချယ်ခြင်းက မိသားစုတိုင်းမှာ ထိုမိသားစုကို ဦးဆောင်လမ်းညွှန်မဲ့အိမ်ထောင်ဦ’စီးလိုအပ်သည့်နည်းတူ ကမ္ဘာအနှံ့အပြားမှာရှိနေကြသော ယုံကြည်သူဘာသာဝင်ခရစ်ယာန်များကိုလည်း ဦးဆောင်ဖို့ရန်အတွက်ရွေးကောက်ထားခြင်းဖြစ်ပါတယ်။ ယခုခေတ်မျက်မှောက်မှာတပည့်တော်ကြီးများအရိုက်အရာကိုဆက်ခံသော ပုပ်ရဟန်းမင်းကြီးမှအစ ဆရာတော်ကြီးများ၊ ရဟန်းဘုန်းတော်ကြီးများ အသင်းတော်မှာရှိနေခြင်းက ကက်သလစ်သာသနာတော်သည် စစ်မှန်သောသခင်ခရစ်တော်တည်ထောင်ခဲ့သောအသင်းတော်ဖြစ်ပြီး နေရာအနှံ၌ရှိသောအသင်းဝင်ညီအစ်ကိုမောင်နှမများသည်လည်း ယုံကြည်သူခရစ်တော် နောက်လိုက်များဖြစ်ကြောင်းသက်သေခံပြသခြင်းဖြစ်ပါသည်။

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)