Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-08-23 03:42:05

24.8.2024– Saturday of 20th  week in Ordinary Time
သြဂုတ်လ ၂၄ ရက်၊ ၂၀၂၄၊ ၂၀ကြိမ်မြောက်သာမန်ကာလ စနေနေ့  
St. Bartholomew, Apostle –Feast
Reflection by Sr. Angela, SdP
Posted by Sr. Benedetta Myat Hnin New(ISR)
Apocalypse 21;9-14/ John 1;45-51 - ရှင်ယောဟန် ၁း၄၅-၅၁

ဆရာတပည့်ခြေရာမှီ*ပထမကျမ်းစာကျမ်းတွင်ဖော်ပြထားသော ကျွန်ုပ်တို့လောကကြီးမှာအသက် ရှင်သန်ချိန်ခဏအတွင်း ကျွန်ုပ်တို့လိုအပ်သော၊တန်ဖိုးဖြတ်လို့ မရသောလောက ဥစ္စာတွေနှင့် နှိုင်းယှဉ်မရအောင်ကြီးမြတ်လွန်းသော ကောင်းကင်းနိုင်းငံတော်အကြောင်းဖြစ်ပါသည်။ ကောင်းကင်နိုင်ငံဆိုရာတွင် လူများ၏အားရုံနှင့်ခံစားလို့ရအောင်တင်ပြပြောဆိုထားခြင်းဖြစ်ပါသည်။ကောင်းကင်နိုင်ငံသည်တလက်လက်တောက်ပနေသောကျောက်မြက်ရတနာနှင့်ခြယ်သထားသော နံရံမြင့်ကြီးတွေ ထည်ဝါခန့်ညားမည်ဟုထင်လျှင်မှားသွားပါလိမ့်မည်။ ကောင်းကင်နိုင်းငံသည် ဘုရားသခင်တည်ရှိသော နေရာဖြစ်၍ကျွန်ုပ်တို့ လူသားမှသူ့ဆီကို ရောက်သွားနိုင်ဖို့ဆိုလျှင် အပြစ်ကင်းစင်ပြီး ရိုးသားဖြောင့်မတ်သော နှလုံးသားနှင့်သာသူ့ဆီသွားနိုင်မှာ ဖြစ်ပါသည်။ ထိုအချိန်မှာ ကောင်းကင်နိုင်ငံ ဆိုရာတွင် ကျွန်ုပ်တို့ နဖူးတွေ့ ဒူးတွေ့ခံစားရမှာ ဖြစ်ပါသည်။အပြစ်တင်ခြင်းနှင့် ကင်းပြီးရိုးသားဖြောင့်မတ်သော လူဆိုတာ လောကကြီးမှာ ရှိပါသလား။ ဘယ်လိုလူမျိုးကို အပြစ်ကင်းသည်ဟု ပြောနိုင်မနည်း။{ဝံဂေလိကျမ်းမှာ ဖော်ပြထားတာက သခင်ယေဇူးက နာသနာအဲကို“ ဖိလစ်သင့် ကို မခေါ်မီကတည်းက တည်ပင်အောက်မှာသင့်ကို ငါ့တွေ့၏” ဟုဆိုထားသည်။ ယေဇူးသခင်သတိထားမိခဲ့သော နာသနာအဲ၏နှလုံးသားက အမြဲတမ်းဘုရားသခင်ကိုတောင့်တနေခဲ့သော သူဖြစ်ပါသည်။ ဤနည်းအားဖြင့် သူ့နှလုံးသားမှာ တစ်ခြားဘယ်အရာမှ နေရာမလုယူနိုင်ဘဲဘုရားရှင်တစ်ပါးတည်း အတွက်သာ နေရာပေးထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် တနည်းပြောရလျှင် သူ့နှလုံးသားထဲမှာ ဘုရားသခင်မှ လွှဲပြီးဘာမျှ မရှိခဲ့ပါ။ ထို့ကြောင့် ကောင်းကင်နိုင်ငံကဲ့သို့ လှပရိုးသားသော လူသားတစ်ယောက်၏နှလုံးသားများကို ဆန်းစစ်ကြည့်ရင်လောက၏ ပျော်ရွှင်မှုနောက်လိုက်လျှင် Social Media ကိုသုံးရင်းဥစ္စာပစ္စည်း ပိုင်ဆိုင်မှုတွေပေါ်မှာသာ ကျေနပ်နေရင်း ဘုရားသခင်အတွက်အချိန်၊ နေရာတွေ ပျောက်ဆုံးနေပြီလား။ ကျွန်တော်တို့ ကိုယ်စီရှိကြသောနှလုံးသားများကို ပြုပြင်နိုင်အောင်ပြင်ဆင်ကြပါစို့။

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)