Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-08-24 06:39:15

25.8.2024– 21st Sunday in Ordinary Time
သြဂုတ်လ  ၂၅ရက်၊ ၂၀၂၄၊ ၂၁ကြိမ်မြောက်သာမန်တနင်္ဂနေ့  
St. Louis of France
Reflection by Sr. Angela ,SdP
Posted by Sr. Benedetta Myat Hnin New(ISR)
Joshua 24;1-2,15-18 / Ep 5;2,25-32, John 6;60-69- ရှင်ယောဟန် ၆း၆၀-၆၉

ယနေ့ကြားနာရသော ကျမ်းပိုဒ်မှာကျွန်ုပ်တို့ကိုယ်တိုင် နေ့တိုင်းလုပ်ဆောင်နေရသောရွေးချယ်မှုဖြစ်ပါသည်။ ကိုယ်ရွေးချယ်ထားသောအရာအပေါ်မှာချစ်ခြင်းမေတ္တာအပြည့်အဝလုပ်ဆောင်နေပါသလား။ သို့မဟုတ် ကိုယ်ရွေးချယ်ခဲ့သောဘဝတစ်ခုမှရှောင်ပြေးမလာ။လူသားတိုင်းက ရွေးချယ်မှုနှစ်ခုရှိပြီး အကောင်းနှင့်အဆိုးကို အမြဲအကောင်းကိုသာရွေးချယ်လေ့ရှိပါသည်။ကျမ်းစာမှာ ဂျောဆွာကဘုရားလူမျိုးတော်ကိုရွေးချယ်ခွင့်ပေးခဲ့သည်။ သင်တို့ကို အီဂျစ်ပြည်က နေခေါ်ဆောင်ဘုရားလော သို့မဟုတ် သင်တို့ဘိုးဘေးများက ဘုရားသခင်ကို ဆန့်ကျင်ကာ ကိုးကွယ်ခဲ့သောနတ်ဘုရားလော့။အစ္စရေးလူမျိုးများကဘုရားသခင်ကိုရွေးချယ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကသူတို့၏ လူမျိုးတွေအပေါ် အသက်ရှင်ခြင်း၊ကောင်းမြတ်ခြင်းများ ပေးသနားခဲ့ခြင်းဖြစ်ပါသည်။သံပေါလုကဖက်ဆုမြို့သားများထံပို့ပေးသောစာထဲမှာ မိန်းမများက သူ့၏ခင်ပွန်းကိုနာခံခြင်းသည် ခရစ်တော်ကိုနာခံခြင်းနှင့်အတူတူဖြစ်ပါသည်။ နာခံခြင်းဆိုသည်မှာမေတ္တာပါသော နာခံခြင်းနှင့်မေတ္တာမပါသော နာခံခြင်းဟူ၍နှစ်မျိုးရှိပါသည်။မေတ္တာမပါသောနာခံခြင်းက ခိုင်းတာလုပ်ပြီးတာဝန်ကျေရုံပါ။ မေတ္တာပါသောနာခံခြင်းက လုပ်ဆောင်ရသောအရာအားလုံးကို ဘုရားသခင်၏စီမံပါပြီးတာဝန်ကျေရုံမက အကောင်းဆုံးဖြစ်အောင်ကြိုးစားမည်။ကျန်သောအရာကို ဘုရားလက်ထဲအပ်နှံပြီးလုပ်ဆောင်တတ်လေ့ရှိပါသည်။

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)