Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-08-24 23:44:58

26.8.2024 - Monday of week 21 in Ordinary Time
သြဂုတ်လ  ၂၆ရက်၊ ၂၀၂၄၊ ၂၁ကြိမ်မြောက်သာမန်တနင်္လာနေ့  
Reflection by Sr. Christopher ,SdP
Posted by Sr. Benedetta Myat Hnin Nwe(ISR)
Matthew 23;13-22

"တစိမ်းကောင်းရင် မိတ်ဆွေလိုက်မမီ"ဤယနေ့ ဧဝံဂေလိကျမ်း၏ထောက်ရှုချက်မှာ သခင်ယေဇူးက ကျမ်းတတ်ဆရာဖာရီဇေဦးတို့ကို နာမည်အမျိုးမျိုးမှည့်ခေါပြီး အမင်္ဂလာရှိကြောင်းမကြာခဏ မိန့်ဆိုသည်။ ထို့အပြင် သူတို့၏လုပ်ရပ်များသည်သူတစ်ပါးရှေ့မှာ သူတော်ကောင်း ယောင်ဆောင်ကြပြီးအတွင်းစိတ်နှလုံးသားထဲ၌မူကား သူတစ်ပါး၏ ဥစ္စာပစ္စည်းကို အဓမ္မသိမ်းယူလိုကြသည်။” သင်တို့သည် ကောင်းကင်နိုင်ငံ၏ တံခါးကိုလူများအတွက် ပိတ်ထားပြီးသင်တို့ကိုယ်တိုင်လည်း မဝင်ကြ၊ ဝင်လိုသောသူအားလည်းဝင်ခွင့်မပြုကြ”ဟု သခင်ယေးဇူးမိန့်တော်မူခဲ့သည်။ဤကျမ်းချက်ကို ကြည့်ခြင်းအားဖြင့်တစ်ခါတစ်ရံ ကျွန်ုပ်သူငယ်ချင်းတွေကြားထဲ၊ကျွန်ုပ်တို့ မိသားစုထဲတွင်လည်း သတိမထားမိပဲထိုနည်းတူ ပြုမိသည့်အရာတွေရှိတတ်ပါသည်။ သူတစ်ပါးလုပ်ဆောင်နေသော အရာတစ်စုံတစ်ခုကို အားပေးအားမြောက်ခြင်းပြုမည့်အစား၊ ဝေဖန်ကဲ့ရဲ့တတ်ကြသည်။ ကိုယ်လည်းမလုပ်နိုင်သလို သူတစ်ပါးလုပ်သည့်အရာကိုလိုက်ပြီးကဲ့ရဲ့ ရှုပ်ချမိတတ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့တစ်ဦးစီသည်လည်း ဤကဲ့သို့မဖြစ်ရန် မိမိ၏အတွင်းစိတ်နှလုံးကို အမြဲတမ်းပြန်လည်ဆန်းစစ်ကြပါစို့။

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)