Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-08-27 04:10:32

28.8.2024- Wednesday of week 21 in Ordinary Time
သြဂုတ်လ ၂၈ရက်၊ ၂၀၂၄၊ ၂၁ကြိမ်မြောက်သာမန် ဗုဒ္ဓဟူးနေ့  
Matthew 23;27-32
St. Augustine, Bishop, Doctor of the Church
Reflection by Sr. Martha, SdP
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ပထမကျမ်း- ဒု သက်ဆာလော ၃း၆-၁၀၊ ၁၆-၁၈ဧဝံဂေလိကျမ်းမာတေဦး ၂၃း၂၇-၃၂ ဤကနေ့ကျမ်းချက်တွေထဲကနေ အချက်သုံးချက်ဖြင့်ထောက်ရှုသွားကြပါစို့။ပထမအချက်အနေဖြင့် သံပေါလုပြောတဲ့ပျင်းရိခြင်းအလုပ်လုပ်တဲ့သူက လုပ်အားခရမယ် မလုပ်တဲ့သူကတော့ဖြင့် မရဘူးလို့ ဆိုထားပါတယ်။ ကျွန်ုပ်တို့ဟာ ဒီလောကမှာ ခရီးသွားနေကြရတဲ့လောကဧည့်သည်တွေပါ။ ခရီးဆုံးရင်တော့ ဆက်သွားစရာလမ်းနှစ်လမ်းပဲရှိပါတယ်၊ ငရဲလား၊ ကောင်းကင်လားဆိုတဲ့လမ်းနှစ်သွယ်ပါ။ သို့သော်မိမိဝင်လိုသောလမ်းကို မိမိကိုယ်တိုင်အခုကတည်းရွေးချယ်လျှောက်လှမ်းရမှာဖြစ်ပါတယ်။ဒုတိယအချက်အနေဖြင့် ဧဝံဂေလိကျမ်းမှာ ကိုယ်တော်ရှင်ပြောတဲ့သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်ပါတယ်။ အများအမြင်မှာတော့အကောင်းတကာ့ အကောင်းဆုံးပြုမှုတယ်။အချိုကတော့ အချိုဆုံးစကားကိုပြောတယ်။ သို့သော်လည်း အများမရှိတော့ရင် နောက်လူတစ်ယောက်လို့ ရှင်သန်နေကြတဲ့ သူတွေ ကမ္ဘာပေါ်မှာ ဒုနဲ့ ဒေးရှိကြပါတယ်။ အပြောကောင်းပြီး အကောင်းမပြောတဲ့လူစားမျိုးထက် အပြောမကောင်းပေမဲ့အကောင်းမြင်ဝါဒနဲ့ အကောင်းပြောတတ်သူဖြစ်ဖို့ရန်နှင့် အဆောင်ယောင်တွေဟာတစ်နေ့ကိုယ်တော်ရှင် ဘုရားရှေ့မှောက်မှာ အသုံးမဝင်ဘူးဆိုတာသိရှိပြီးမိမိတို့ဘဝကို အကောင်းဆုံးဘုရား၌ရှင်သန်အသက်ရှင်ဖို့ရန် သွန်သင် ထားပါတယ်။နောက်ဆုံးအချက်အနေဖြင့် ထုံးဖြူသုတ်ထားတဲ့ သင်္ချိုင်းဂူဖြစ်ပါတယ်။ သင်္ချိုင်းဂူဆိုတာ ကျွန်ုပ်တို့ ပြေးမြင်လိုက်တာကကြောက်စရာကောင်းတဲ့နေရာလို့ ချက်ချင်းသတိရကြပြီး တစ်နေ့ မိမိကိုယ်တိုင် ရောက်ရမဲ့နေရာဆိုတာကို မေ့လျော့ တတ်ကြပါတယ်။ ဂူတွေဟာ အပြင်ကကြည့်ရင် ထုံးဖြူတွေသုတ်ထား၊ ကြွေပြားတွေ လှလှပပ စီခြယ်ထားပေမဲ့ အတွင်းမှာတော့ အရိုစုတွေ အပုတ်တွေနဲ့ ပြည့်နေတဲ့ နေရာဆိုတာ လူတိုင်းအသိပင်ဖြစ်သည်။ အယောင်ဆောင်ခြင်းကိုဆိုလိုခြင်းဖြစ်သည်။ ငါပြောသလိုဘဲလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ ဖာရေဇေဦးနဲ့ကျမ်းတတ်ဆရာတွေရဲ့ အကျင့်တွေကိုရှောင်ပြီးခေါင်းရှောင်မဟုတ် ခေါင်းဆောင်ပီသစွာနေထိုင်ရန်တွက် ယနေ့ကိုယ်တော်ရှင်ဟာ ကျွန်ုပ်တို့ကို သွန်သင်ထားပါတယ်။

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)