Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-08-29 08:41:47

30.8.2024 - Friday of week 21 in Ordinary Time
သြဂုတ်လ ၃၀ရက်၊ ၂၀၂၄၊ ၂၁ကြိမ်မြောက်သာမန် သောကြာနေ့  
(The beheading of St. John the Baptist)
Matthew25;1-13 - ဧဝံဂေလိကျမ်း ရှင်မာတေးဦး ၂၅း၁-၁၃
Reflection by Sr. Agnes Kay Thwe Win, SdP
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ထိုကာလ၌ကောင်းကင်နိုင်ငံတော်သည်ကားမင်္ဂလာဆောင်သတို့သားအားကြိုဆိုရန်မိမိတို့၏မီးခွက်များကိုယူ၍ထွက်သွားကြသောသတို့သမီးအရံဆယ်ဦးနှင့်တူလိမ့်မည်။ထိုသူတို့ထဲတွင်ငါးဦးသည်မိုက်မဲ၍ကျန်ငါးဦးသည်ပညာသတိရှိကြ၏။မိုက်မဲသောသူငါးဦးတို့သည်မီးခွက်ကိုယူ၍ဆီကိုမယူမိခဲ့ကြချေ။ပညာသတိရှိသောသူတို့မူကားမီးခွက်နှင့်တကွဆီကိုလည်းဘူးတွင်ထည့်၍ယူခဲ့ကြ၏။ထိုသူတို့သည်လည်းဆီဝယ်ရန်သွားစဥ်တွင်မင်္ဂလာဆောင်သတို့သားရောက်လာသဖြင့်အသင့်ရှိနေသောသတို့သမီးအရံတို့သည်သူနှင့်အတူမင်္ဂလာဆောင်ပွဲသို့ဝင်သွားကြပြီးတံခါးသည်လည်းပိတ်သွားလေ၏။ထို့ကြောင့်သတိနှင့်စောင့်နေကြလော့။အကြောင်းမူကားသင်တို့သည်နေ့ရက်နှင့်အချိန်တာရီကိုမသိကြ။ ထောက်ရှုချက်*သတို့သမီးအရံဆယ်ဦးလုံးသည် သတို့သားကို ကြိုဆိုရန်ဖိတ်ခေါ်ခြင်းခံထားရသည်။ငါးဦးသည်ပညာသတိရှိပြီးကျန်ငါးဦးတို့သည်ပညာသတိမဲ့သောသူဖြစ်ကြသည်။ သတို့သား ရောက်လာသောအခါ မိမိတို့၏ မီးခွက်တွေနှင့် အဆင်သင့်ပြင်ဆင်ထားသည့် ပညာသတိရှိသောငါးဦးသာသတို့သားနှင့်အတူမင်္ဂလာဆောင်ပွဲသို့ဝင်သွားရသည်။ကျွန်ုပ်တို့သည်လည်းမိမိတို့ရဲ့မီးခွက်ကိုထွန်းပြီးအဆင်သင့်ဖြစ်ရန်စောင့်နေရမည်။ဘုရားသခင်၏ခေါ်သံသည်မမျှော်လင့်ထားသောအချိန်တစ်ခုတွင်ရောက်လာတတ်သည်။ကျွန်ုပ်တို့ဘဝသည်လည်းမေတ္တာဆီမှအချည်း နှီးဖြစ်ပြီးနိုင်ငံတော်တန်ဖိုး၏အလင်းရောင်နှင့် နွေးထွေးမှုကို ဖြန့်ကျဲရန်အဆင်သင့် မဖြစ်သေးပါက ကျွန်ုပ်တို့သည်လည်း ပညာသတိမဲ့သော သတို့သမီးအရံငါးဦးကဲ့သို့ ချန်ထားခြင်းကိုခံရမည်ဖြစ်သည်။ထို့ကြောင့်ကျွန်ုပ်တို့တစ်ဦးဆီသည် သတို့သားသခင်‌ယေ ဇူးကိုတွေ့ဆုံရန်အဆင်သင့်ဖြစ်ပြီလား။ ကျွန်ုပ်တို့၏ ထာဝရအိမ်တော်ကောင်းကင်ဘုံ၏ ရွှင်လန်းမှုနှင့်ပျော်ရွှင်မှုထဲသို့ဝင် ရောက်ရန်ပြင်ဆင်နေပါသလား။

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)