Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-08-30 00:26:43

31.8.2024 - Saturday of week 21 in Ordinary Time
သြဂုတ်လ ၃၁ရက်၊ ၂၀၂၄၊ ၂၁ကြိမ်မြောက်သာမန် စနေနေ့  
Matthew25;14-30 - ဧဝံဂေလိကျမ်း ရှင်မာတေးဦး ၂၅း၁၄-၃၀,1cor 1;26-31
Reflection by Sr. Agnes Kay Thwe Win, SdP
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ကောင်းကင်နိုင်ငံတော်သည်ကားခရီးမထွက်မီအစေခံများကိုခေါ်၍မိမိ၏ဥစ္စာများကိုသူတို့ထံသိုအပ်နှံခဲ့သူတစ်ဦးနှင့်တူ၏။သူသည်အစေခံအသီးသီးတို့၏အရည်အချင်းအလိုက်တစ်ဦးကိုငွေသား အချိန်ငါးတာလင်၊ အခြားတစ်ဦးကိုနှစ်တာလင်၊ ကျန်တစ်းဦးကို တစ်တာလင်ပေးအပ်ပြီးနောက် ခရီးထွက်လေ၏။ ကာလအတန်ကြာသော် ထိုအစေခံတို့၏ သခင်သည်ပြန်လာ၍သူတို့နှင့်စာရင်းရှင်းလေ၏။ ငွေအချိန်တစ်တာလင်ကို လက်ခံရရှိသောသူမူကား ချဥ်းကပ်၍ သခင်၊ သခင်သည် ခက်ထန်သောသူဖြစ်သည်နှင့်အညီ မိမိမစိုက်သောအရပ်၌ ရိတ်သိမ်းတတ်ပြီး မိမိမကြဲသောအရပ်၌စုသိမ်းတတ်ကြောင်းကို ကျွန်ုပ်သိသဖြင့်၊ ကြောက်သောကြောင့် သခင်၏ငွေအချိန်တစ်တာလင်ကို မြေကြီးထဲ၌ဝှက်ထားပါသည်။ အကြောင်းမူကားရှိသောသူတိုင်းအားထပ်၍ပေးသဖြင့်ထိုသူ၌ပိုလျှံနေလိမ့်မည်၊မရှိသောသူထံမှမူကားသူ့၌ရှိသမျှကိုပင်နုတ်ယူသွားလိမ့်မည်။*ထောက်ရှုချက်*ယနေ့ဧဝံ‌ဂေ‌လိကျမ်းထဲတွင်ခရီးမထွက်မီအစေခံများကိုခေါ်၍မိမိ၏ဥစ္စာများကိုသူတို့ထံအပ်နှံခဲ့သည့်သခင်တစ်ဦးအကြောင်းကိုကြားနာခဲ့ရသည်။သူတို့၏ အရည်အချင်းအလိုက်ငွေပမာဏကိုပေးခဲ့သည်။ထိုခေတ်ကငွေတစ်တာလင်မှာအလွန်များသည့်ငွေပမာဏဖြစ်သည်။ငွေတစ်တာလင်ကိုရရှိထားသည့်အစေခံသည်သခင်ပြန်လာသည့်ချိန်တွင်“သခင်ကမစိုက်ပျိုးသောအရပ်မှာ ရိတ်သိမ်းတတ်ပြီးမိမိမကြဲသောအရပ်မှာစုသိမ်းတတ်ကြောင်းကိုအကျွန်ုပ်သိသဖြင့်ကြောက်သောကြောင့်ငွေကိုမြေကြီးထဲ၌ဝှက်ထားပါသည်”ဆိုပြီးပြောကြားသည်။ဤဥပမာသည်ကျွန်ုပ်တို့ကိုသင်ကြားပေးနေသည့်အရာမှာကျွန်ုပ်တို့ရရှိထားသည့်အရည်အချင်း၊ဥစ္စာပစ္စည်းများကိုအချည်းနှီးဖြစ်အောင်၊တန်ဖိုးမရှိအောင်မလုပ်ဆောင်သင့်ကြောင်းကျွန်ုပ်တို့ရှိသည့်အရာကိုအမြဲတမ်းပွားများအောင်၊တိုးတက်အောင်လုပ်ဆောင်နေရမည်။ညဥ်းညူးတတ်သောသူသည်အမြဲပျင်းရိပြီးကိုယ့်မှာရှိသည့်အရာပင်ဆုံရှုံးလိမ့်မည်။ထို့ကြောင့်ကျွန်ုပ်တို့မှာရှိသည့်အရာ၊အရည်အချင်း၊ပစ္စည်းဥစ္စာများကိုဘယ်လိုအသုံးပြုနေပြီးအလွဲသုံးစားခြင်းတွေပြုလုပ်နေလား?ကျွန်ုပ်တို့ပြန်လည်ပြီးမိမိကိုဆန်းစစ်ကြပါစို့။

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)