Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-08-30 23:47:57

1.9.2024 – 22nd Sunday in Ordinary Time
စက်တင်ဘာလ ၁ရက်၊ ၂၀၂၄၊ ၂၂ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့  
Mark 7:1-8,14-15,21-23 - ဧဝံဂေလိကျမ်း ရှင် မာကု ၇: ၁-၈၁၄-၁၅၂၁-၂၃
Reflection by Sr.Monica (LWST)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ထောက်ရှုချက်-ဤယနေ့ထောက်ရှု့ရသည့် ရှင်မာကုရေးသားထားသော ကျမ်း၌တွေ့ရသည်မှာ ကိုယ်တော်၏တပည့်တော်တစ်ချို့က မဆေးသောလက်များဖြင့် အစာစားတာကိုတွေ့တဲ့အခါမှာ ဖာရီဇေဦးနှင့်ဂျူးလူမျိုးတို့က ပြစ်တင်ဝေဖန်ချင်ကြတာတွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေးထုံးတမ်းစဉ်လာကို စွဲလန်းကြလို့ပဲဖြစ်တယ်။ ဖာရီဇေဦးတွေနှင့်ကျမ်းတတ်ဆရာတစ်ချို့တို့ရဲ့ဘုရာသခင်ကို နာခံခြင်းနှင့်ဆိုင်သော သူတို့၏လွဲမှားသောအယူဝါဒနှင့်ကျင့်စဉ်တို့ကို သခင်ယေဇူးကရှုတ်ချထားတယ်။ ဖာရီဇေဦ’နှင့်ဂျူးလူမျိုးတို့ရဲ့ထုံးတမ်းစဉ်မှာကလက်မဆေးပဲ အစာစားလေ့မရှိဘူး။ ကျွန်ုပ်တို့ရှေးလူကြီးတွေအစွဲရှိသလိုပေါ့။ ဒီကနေ့ကျမ်းစာထဲမှာ သခင်ယေဇူးက ဘာကိုရည်ညွှန်းပြောချင်သလဲဆိုရင် အတွင်းစိတ်ကိုပြောချင်လို့ဖြစ်တယ်။သခင်ယေဇူးက အတွင်းစိတ် ဖြောင့်မတ်ခြင်းကိုလိုလားသူဖြစ်တယ်။ ဖာရီဇေဦးတွေနဲ့ကျမ်းတတ်ဆရာတို့ကအပြင်ပလက္ခဏာကိုပဲဆောင်ကြတယ်။ အတွင်းစိတ်အားဖြင့်သခင်ယေဇူးကို မယုံကြည်ဘူး။ ဖာရီဇေဉီးနှင့်ကျမ်းတတ်ဆရာတို့က သခင်ယေဇူးကိုမေးတဲ့အခါမှာ သခင်ယေဇူးက“သူတော်ကောင်းယောင်ဆောင်သောသူတို့”လို့ပြောခဲ့တယ်။ ဘာဖြစ်လို့လဲဆိုရင်“ဤလူမျိုးသည် ငါ့ကို နှုတ်ဖြင့်သာ ရိုသေဂုဏ်ပြုကြ၏။ သူတို့၏စိတ်နှလုံးမူကား “ငါနှင့်ဝေးလှပေသည်” ဟု မိန့်တော်မူခဲ့တယ်။ ကျွန်ုပ်တို့တတွေလည်းပဲ ဘုရားကို အတွင်းစိတ်နှင့်ထိတွေ့ပါသလား၊ ဒါမှမဟုတ် ဘုရားကိုတာဝန်အရပဲ ဘုရားကို ယုံကြည်တယ်လို့ ပြောနေတဲ့သူများဖြစ်နေသလား ဆိုတာ စဉ်းစားကြရမှာဖြစ်တယ်။လူကို ညစ်ညူးစေတဲ့အရာတွေက ဘယ်ဟာတွေလဲဆိုတာ သခင်ယေဇူးကပြောပြထားပါတယ်။ သခင်ယေဇူးက လူအစုအဝေးတို့ကို မိမိအထံတော်သို့ခေါ်တော်မူ၍ သူတို့အား မိန့်တော်မူသည်ကားသင်တို့သည် ငါ့ကိုနားထောင်၍ နားလည်သိမှတ်ကြလော့။ လူကိုညစ်ညူးစေတဲ့ အရာတွေက အစားအစာတွေမဟုတ်ဘူး။ အတွင်းစိတ်သာဖြစ်တယ်ဆိုတာသိရမယ်။ ဒါကြောင့် သခင်ယေဇူးက“လူသည်အတွင်းစိတ်ရှိစိတ်နှလုံးထဲ မကောင်းသောအကြံအစည်တွေ၊ ကာမဂုဏ် ကျူးလွန်ခြင်း၊သူတစ်ပါး၏ပစ္စည်းကိုခိုးယူခြင်း၊လူ့အသက်ကိုသတ်ခြင်း၊ သူတစ်ပါးသားမယားကိုပြစ်များခြင်း၊လောဘကြီးခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း၊လိမ်လည်လှည့်ဖြားခြင်း၊ကိလေသာစိတ်ပြင်းပြခြင်း၊မနာလိုခြင်း၊အသေရေဖျက်ခြင်း၊မာနထောင်လွှားခြင်းနှင့်မိုက်မဲခြင်း”စသဖြင့် လူ့ရဲ့အတွင်းစိတ်ထဲမှာရှိတတ်တဲ့အရာတွေကို မိန့်ဆိုထားပါတယ်။တစ်နည်းအားဖြင့်ပညတ်တော်(၁၀)ပါးကို လွန်ဆန်ခြင်းလည်း သက်ရောက်ပါတယ်။ စိတ်ဟာလူကိုအလှပဆုံးဖြစ်စေနိုင်သလို ရုပ်အဆိုးဆုံးလည်းဖြစ်စေနိုင်တယ်။ အဲဒါကြောင့်ဘုရား သခင်ကလူတွေရဲ့အားနည်းချက်ကို သိတဲ့အတွက်ကြောင့် ကျွန်ုပ်တို့ရဲ့စိတ်ကို အလှဆင်နိုင်သူ များဖြစ်အောင် ကြိုးစားသွားကြပါစို့။

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)