Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-01 03:51:05

2.9.2024 – Monday September ,22nd week in Ordinary Time
စက်တင်ဘာလ ၂ ရက်၊ ၂၀၂၄၊ ၂၂ကြိမ်မြောက်သာမန်ကာလ တနင်္လာနေ့  
Luke 4:16-30 - ဧဝံဂေလိကျမ်း ရှင်လုကာ ၄း၁၆-၃၀
Reflection By Sr. Jacinta Mai Ra (LWST)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

September (2)Reflectionချစ်သောဓမ္မမိတ်ဆွေအပေါင်းတို့ ဘဝမှာကိုယ့်အမျိုး၊ ကိုယ့်သူငယ်ချင်း၊ ကိုယ့်အိမ်နီးချင်းတွေရဲ့ငြင်းဆန်မှု၊ သစ္စာဖောက်ခြင်းကိုခံဖူးကြသလား။ ဒီကနေ့ဖတ်ရှုရတဲ့ကျမ်းစာတော်မှာ သခင်ယေဇူးကသူ့ကိုသိကြတဲ့သူ့လူရင်းတွေရဲ့ငြင်းဆန်မှု၊ သစ္စာ ဖောက်မှုကို ခံခဲ့ရကြောင်းပြောထားပါတယ်။ ဘယ်သူမဆို ကိုယ်ကြီးပြင်းခဲ့တဲ့မြို့၊ရွာဒေသကို ပြန်ရောက်ပြီဆိုရင်အလွန်ပျော်တတ်ကြတာ အမှန်ပါ။ဒီလိုပဲ သခင်ယေဇူးလည်း သူကြီးပြင်းခဲ့တဲ့နာဇရက်မြို့ကိုပြန်ရောက်လို့ သူပျော်နေမှာသေချာပါတယ်။ ဒါပေမဲ့ သူ့ကိုမနာလို၊ မုန်းတီးဖြစ်နေကြတဲ့လူတွေတော့ မပျော်တော့ပဲနေ့ညအိပ်မပျော်၊ စားမဝင်နဲ့ သူ့ကိုသတ်ဖို့ထိတောင်ကြံစည်ခဲ့ကြောင်းကိုသိရချိန် သခင်ယေဇူး ဘယ်လောက်ထိဝမ်းနည်းကြေကွဲရမလဲ။ ဒီလူတွေအထဲသူနဲ့အတူ ပခုံးဖက်ပြီးကြီးပြင်းလာခဲ့ကြတဲ့ငယ်သူငယ်ချင်းအရင်း ခေါက်ခေါက်တွေလည်းပါဝင်ကြမှာသေချာတယ်။ ဒါကြောင့်လည်း သူဟာ Joseph နဲ့ Maryတို့ရဲ့သားမှန်းသိကြတာဖြစ်တယ်။ ဒါကြောင့်ချစ်သောဘာသာတူဓမ္မမိတ်ဆွေ အပေါင်းတို့ တခါတလေ ဘဝမှာကိုယ်နဲ့အနီးဆုံးလို့ ထင်ရတဲ့သူတွေရဲ့ငြင်းဆန်ခြင်းကိုခံရတဲ့အခါ၊သူတို့ရဲ့သစ္စာဖောက်ခြင်းကိုခံရတဲ့အခါ၊ လူတွေကကိုယ့်အပေါ် နားလည်မှုမပေးနိုင်တဲ့အခါ၊ သခင်ယေဇူးရဲ့အဖြစ်လေးကိုသတိရပြီး ခွန်အားယူနိုင်ကြပါစေ။ နောက်ပြီးလူတစ်ယောက်ရဲ့တန်ဖိုး၊အနာဂတ်ကို သူဘယ်ကလာသလဲဆိုတဲ့သူ့ရဲ့ အသိုင်းအဝိုင်း၊ လူမျိုး၊ဘာသာ၊သူဘယ်ကလာတယ်ဆိုတဲ့အချက်ကို ကြည့်ပြီး တိုင်းတာဆုံးဖြတ်နေကြတဲ့ လူ့အသိုင်းအဝန်းမှာနေထိုင်ကြရတဲ့လူငယ်တွေ စိတ်အားငယ်မိပါက သခင်ယေဇူးရဲ့  ဖခင်ဟာ သာမန်လက်သမားတစ်ယောက်သာဖြစ်ကြောင်း သတိရကြပါ။ လက်သမားဆရာရဲ့ သားဖြစ်လည်း ဆရာဝန်ဖြစ်လာနိုင်တာပဲ။ အင်ဂျင်နီယာကြီးလည်း ဖြစ်လာနိုင်တာပဲ။ လူငယ်တွေမှာ အကန့်အသတ်မဲ့ဖြစ်နိုင်ချေ ဘဝအလားအလာတွေ အများကြီးရှိပါတယ်။ကြိုးစားကြပါ။Prophet Elijahသည် မုဆိုးမတွေအများကြီးရှိကြတဲ့အထဲမှာမှ မုဆိုးမ Zarephath ထံသို့ စေလွှတ်ခြင်းခံရသကဲ့သို့ သခင်ယေဇူး၏ကြွလာခြင်းသည်လည်းမရှိဆင်းရဲသားများနှင့်သူ့ကိုယုံကြည်လက်ခံကြသူများအတွက်သာဖြစ်ကြောင်း ပြောပြထားပါတယ်။ ထို့ကြောင့်ဘယ်လောက်ပဲ မရှိဆင်းရဲဖြစ်ပါနေစေယုံကြည်သူတိုင်း ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကျေးဇူးတော်ကို ခံစားကြရမည်သာဖြစ်၏။

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)