5.9.2024 – Thursday September ,22nd week in Ordinary Time
စက်တင်ဘာလ ၅ ရက်၊ ၂၀၂၄၊ ၂၂ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့
Luke Lk 5:1-11- ဧဝံဂေလိကျမ်း ရှင်လုကာ ၅း၁-၁၁
Reflection By Sr. Lucy Hat Nun Them, LWST
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ယနေ့ဖတ်ရှုရတဲ့ ဘုရား၏နှုတ်ကပါတ်တော်ကနှိမ့်ချခြင်း၊ နာခံခြင်းနှင့် ယုံကြည်ခြင်းမှာပိုမိုနက်ရှိုင်းဖို့ကျွန်ုပ်တို့ကိုဖိတ်ခေါ်နေပါတယ်။ ဒီနေ့ကျမ်းစာထဲမှာ စီမုန်ပေတရူး၊ ယာကုပ်၊ ယောဟန်တို့ဟာတစ်ညလုံး ငါးဖမ်းပေမဲ့ ငါးတစ်ကောင်မှမဖမ်းမိကြပဲ မျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာ သခင်ယေဇူးလာတွေ့ဆုံခဲ့ကြတယ်။ ဒီအချိန်မှာ သခင်ယေဇူးက စီမုန်ပေတရူးကို“ရေနက်ရာသို့ရွှေ့လော့”ဟု မိန့်ကြားခဲ့ပါတယ်။ ဒီနေရာမှာ တံငါသည်မဟုတ်ပဲ လက်သမားရဲ့သားဖြစ်တဲ့ယေဇူးမှန်းသိသော်လည်း သခင်ယေဇူး၏ညွှန်ကြားမှုတွေကို တံငါသည်ပေတရူးက ဘယ်လောက်ထိနာခံခဲ့လဲဆိုတာကိုတွေ့နိုင်ပါတယ်။ သခင်ယေဇူးရှေ့မှာ မိမိကိုယ်ကို အပြစ်သားပါလို့ စီမွန်ပေတရူးက နိမ့်ချတဲ့နှလုံးသားနဲ့ဝန်ခံခဲ့ပါတယ်။ ဒီလိုနာခံခြင်းနဲ့ နှိမ့်ချခြင်းရှိတဲ့သူအပေါ် ယေဇူးကယုံကြည်စိတ်ချလို့ သာသနာတော်ကြီးရဲ့လုပ်ငန်း ဆက်လက်ရှင်သန်နိုင်ဖို့အတွက် ပညာမတတ်တဲ့ တံငါသည်များအပေါ် တည်ဆောက်ထားခဲ့တာဖြစ်တယ်။ နောက်တစ်ချက်အနေနဲ့တစ်ညလုံး ငါးဖမ်းပေမဲ့လည်း တစ်ကောင်မျှမရပဲမျှော်လင့်ချက်မဲ့ခဲ့တဲ့အချိန်တွေလို ဘဝမှာထပ်တူကြုံရတဲ့အချိန်တွေမှာ မိမိစိတ်အလိုဆန္ဒထက် ဘုရားသခင်အပေါ် ယုံကြည်စိတ်ချမှု အပြည့်နဲ့ ရေနက်ရာသို့ ရွှေ့နိုင်စွမ်းရှိကြရမှာ ဖြစ်တယ်။ မိမိကိုယ်ပိုင်အစွမ်းထက် ဘုရားသခင်နဲ့ အတူတကွလုပ်ဆောင်ခြင်းဟာ အောင်မြင်ဖို့အသေချာဆုံးဖြစ်တယ်။ နေ့တိုင်းကြုံရတဲ့ပြသနာတွေအားလုံးကို ဘုရားသခင်ထံပူဇော်အပ်နှံရမှာဖြစ်တယ်။ ဘုရားသခင်အပေါ်ထားရှိတဲ့ မိမိတို့ရဲ့ယုံကြည်ခြင်းအား ပိုမိုခိုင်မာနက်ရှိုင်းအောင် နေ့စဉ်နှင့်အမျှကြိုးစားအားထုတ်ကြပါစို့။ ရေနက်ရာသို့ရွှေ့ကြပါစို့။
14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)