Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-05 05:18:20

6.9.2024 – Friday September ,22nd week in Ordinary Time
စက်တင်ဘာလ ၆ရက်၊ ၂၀၂၄၊ ၂၂ကြိမ်မြောက်သာမန်ကာလ သောကြာနေ့  
Luke 5:33-39 ဧဝံဂေလိကျမ်း ရှင်လုကာ ၅း၃၃-၃၉
Reflection By Sr. Maria Aung (LWST)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ပထမထောက်ရှုချက်အနေနဲ့ လူ (၂) မျိုးရှိတဲ့အကြောင်း ဝေမျှချင်ပါတယ်။ ပထမလူအမျိုးကမှန်တယ်လို့ထင်ပြီး တစိုက်မတ်မတ်လုပ်စရာရှိတာလုပ်ကာ စည်းမျဉ်းဉပဒေကိုတသွေမတိမ်းလိုက်နာပြီး နေထိုင်ကျင့်ကြံတဲ့အဖွဲ့ဖြစ်တယ်။ဒုတိယလူအမျိုးအစားကတော့ မိမိကိုယ်ကို ဩတ္တပ္ပစိတ်လုံခြုံမှုရှိပြီး အခြားသူများရဲ့လွှမ်းမိုးမှု၊ ဖိအားပေးမှုတွေမရှိပဲစည်းကမ်းမလိုက်နာသူကို ဝေဖန်ထောက်ပြအပြစ်မြင်မေးခွန်းထုတ်တဲ့အဖွဲ့တို့ဖြစ်ပါတယ်။ဒုတိယထောက်ရှုချက်အနေနဲ့ မိမိက ဘယ်လိုလူအမျိုးအစားထဲမှာ ပါဝင်နေလဲဆိုတာ စဉ်းစားကြရအောင်။ မိမိဆုတောင်းခြင်း၊ ခြိုးခြံဝါရှောင်ခြင်း လုပ်ရပ်တွေ သူများကို ဝေဖန်ဖို့လား။ အခြားသူများရဲ့အားနည်းချက်ကိုတိုက်ခိုက်ရန်အတွက်မိမိသည်ပြည့်စုံမှုရှိအောင် ကြိုးစားနေသူလားဆိုတာပြန်လည်သုံးသပ်ကြပါစို့။အစားအသောက်က လူတွေကို အပြစ်ဖြစ်စေသလား။ အစားအသောက်တိုင်းကရော အပြစ်မဖြစ်စေဘူးလားဆိုတာ စဉ်းစားစရာပင်ဖြစ်ပါတယ်။ ရှောင်သင့်တဲ့အချိန်၊ ရှောင်ရမယ့်အချိန်အခါမှာမရှောင်ပဲ စားချင်သလိုစား၊ နေချင်သလိုနေရင်တော့ အပြစ်ဖြစ်စေသလိုကျန်းမာရေးလည်းထိခိုက်စေပါတယ်။ ဒါကြောင့်ကျွန်ုပ်တို့ သာသနာပြုတဲ့နေရာမှာလည်း ဘာသာတူ၊ မိသားစုဝင်၊ အပေါင်းအသင်းတွေနဲ့ ပျော်သင့်တဲ့အချိန်မှာပျော်ပြီး ကိုယ့်စည်းမျဥ်းကို စောင့်ထိန်းနေထိုင်ရင် အချိန်အခါ၊ အခြေအနေတွေကို လိုက်လျောညီထွေစွာပြုမှုကျင့်ကြံခြင်းအားဖြင့် သာသနာပြုရာတွင် ဧကန်မုချ အောင်မြင်ကြမည်ဖြစ်သည်။

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)