13.12.2024 – 2nd Week of Advent; Friday
St.Lucy
အာဒ်ဝင်တူးကာလဒုတိယသီတင်းပတ်၊သောကြာနေ့
ဟေရှာယ ၄၈း ၁၇ - ၁၉
ရှင်မာတေဦး ၁၁း ၁၆- ၁၉-Mt.11:16-19
Reflection By Daw Moe Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဘုရားရှင်ကကျွန်ုပ်တို့နေ့စဥ်ဘဝထဲကိုနည်းမျိုးစုံနဲ့ ကြွလာပေးနေတာဖြစ်ပါတယ်။တစ်ခါတလေမှာတော့ တီးမှုတ်ကခုန်ပျော်ရွှင်ရတဲ့အောင်မြင်ခြင်း၊အဆင်ပြေခြင်းတွေအားဖြင့် ကြွလာပေးသလို၊တစ်ခါတလေလည်း ငိုချင်ရတဲ့ဝမ်းနည်းခြင်း၊ ရှုံးနိမ့်ခြင်းတွေထဲမှာကိုယ်တော်ရှင်ကို မြင်တွေ့နိုင်အောင်ဖော်ပြလျက်ရှိနေတာပါပဲ။ဘဝရဲ့ဘယ်လိုအခိုက်အတန့်၊အခြေအနေ၊အချိန်အခါမျိုးမှာမဆိုကျွန်ုပ်တို့ဘဝထဲမှာအတူပါရှိပေးနေတဲ့ခရစ်တော်ဘုရားရှင်ကိမြင်အောင်ကြည့်တတ်တဲ့ယုံကြည်ခြင်းမျက်လုံးတစ်စုံရှိဖို့ပဲလိုအပ်တာပါ။ဘုရားရှင်ကိုယုံကြည်သူ၊နောက်လိုက်တစ်ယောက်၊ဖြစ်နေသူတွေအတွက် လောကရဲ့အမျိုးမျိုးသော ကဲ့ရဲ့ပြစ်တင်ခြင်းတွေကနေလွတ်မြောက်ဖို့ဆိုတာ မလွယ်တဲ့အရာတစ်ခုပါ။ ဒီနေ့ဧဝံဂေလိကျမ်းစာထဲကလူတွေလိုပဲစားရင်လည်း စားလို့၊မစားပြန်တော့လည်း နတ်ဆိုးစီးနေလို့ အစရှိသဖြင့် ဘယ်လိုမှ အမျက်လွတ်နိုင်တာမဟုတ်ပါဘူး။ ခရစ်တော်ကိုသာ အာရုံထားပြီးလုပ်ဆောင်စရာတွေ အကောင်းဆုံးဆက်လုပ်ဆောင်ဖို့ပဲ လိုတယ်။ခရစ်တော်နောက်လိုက်၊ယုံကြည်သူဖြစ်ရခြင်းအတွက် ဆုလာဘ်တော်တွေကိုလည်း ဆွတ်ခူးရရှိလာရမှာဖြစ်ပါတယ်။