Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-12-15 03:45:57

16.12.2024 – 3rd Week of Advent; Monday
အာဒ်ဝင်တူးကာလတတိယသီတင်းပတ်၊တနင်္လာနေ့
တောလည်ရာ ၂၄း ၂ - ၇၊ ၁၅ - ၁၇
ရှင်မာတေဦး ၂၁း၊ ၂၃ - ၂၇- Mt.21:23-27
Reflection By Daw Moe  Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)

"ဤအရာများ"ကို မည်သည့်အခွင့်အာဏာနှင့်ပြုသနည်း။ ခရစ်တော်ယေဇူးကိုမေးခွန်းလာထုတ်ကြတဲ့ ရဟန်းအကြီးအကဲတွေ၊ သက်ကြီးဝါကြီးတွေဆိုလိုတဲ့"ဤအရာများ"ဆိုတာက ဘာ့ကြောင့် ခရစ်တော်ယေဇူးက သူ့ကိုယ်သူဘုရင်တစ်ပါးလို၊မက်ဆီးယားလို လူတွေရဲ့ကြိုဆိုခြင်းကိုခံယူပြီး ဂျေရုဆလင်မြို့ထဲကို အခမ်းအနားနဲ့ ကြွဝင်လာဖို့၊ ဗိမာန်တော်ထဲမှာရှိတဲ့ ရောင်းဝယ်ဖောက်ကားနေတဲ့ ကုန်သည်တွေ၊စျေးဆိုင်ခန်းတွေကို ရှင်းလင်းမောင်းထုတ်ရတာလဲ၊ မျက်မမြင်နဲ့ခြေလက်မသန်စွမ်းတဲ့သူတွေကိုဗိမာန်တော်ထဲမှာ ကုသပျောက်ကင်းစေဖို့ အခွင့်အာဏာရှိတယ်လို့ ထင်ရတာလဲလို့ မေးချင်၊သိချင်ကြတာပါ။ဘာ့ကြောင့်လဲဆိုတော့ ခရစ်တော်ယေဇူးကို အများသူငါအသိအမှတ်ပြုထားကြတဲ့"ရာဘိုင်Rabbi ဆရာသခင်"ဆိုတဲ့ဂုဏ်ပုဒ်ကလွဲရင်တရားဝင်အသိအမှတ်ပြုထားတဲ့ဂုဏ်ပုဒ်နဲ့ရာထူးရာခံဘာမှရှိမထားလို့ပါပဲ။ခရစ်တော်ယေဇူးဟာ ဂျူးအသိုင်းအဝိုင်းက တရားဝင်တင်မြှောက်ခန့်အပ်ထားတဲ့ရဟန်းအကြီးအကဲ၊ကျမ်းတတ်ဆရာ၊ဖာရီဆေဦး လုံးဝမဟုတ်တဲ့အတွက် ဒီလိုအရာတွေကိုသင်ကြားဖို့၊လုပ်ဆောင်ဖို့ ဘယ်သူ့ဆီကအခွင့်အာဏာကိုရရှိထားလို့လဲဆိုတာသူတို့အတွက် မေးခွန်းထုတ်စရာဖြစ်နေတာပါ။ ဒါပေမယ့် သူတို့ကရောခရစ်တော်ယေဇူးကို နားထောင်နာခံရမှာလားလို့ ရိုးသားစွာသိချင်လို့မေးတာတော့မဟုတ်ပါဘူး။ အခုလိုမျိုး ကောက်ကျစ်ကွေ့ပတ်ပြီး သူတို့မေးရတဲ့ရည်ရွယ်ချက်ကလည်း ခရစ်တော်ယေဇူးလုပ်ရပ်တွေကို ရပ်တန်းကရပ်စေဖို့အတွက်နဲ့၊ခရစ်တော်ယေဇူးဟာ လူတွေကို အယူဝါဒမှားတွေကို သွန်သင်နေတာပါလို့ စွပ်စွဲအရှက်ခွဲလိုတဲ့ရည်ရွယ်ချက်သက်သက်ကြောင့်ပါပဲ။ဒါကြောင့်လည်း ခရစ်တော်ယေဇူးကသူတို့သိချင်တာကို တိုက်ရိုက်အဖြေ ပြန်မပေးခဲ့ဘဲ သူတို့ရဲ့မေးခွန်းကိုတန်ပြန်မေးခွန်းထုတ်ခြင်းအားဖြင့်ပဲတုံ့ပြန်ဖြေဆိုခဲ့ခြင်းဖြစ်ပါတယ်။ ခရစ်တော်ယေဇူးကို ယုံကြည်တဲ့သူအပေါင်းကကမ္ဘာမြေကြီးပေါ်မှာ ခရစ်တော်ယေဇူးလုပ်ဆောင်ခဲ့သမျှ သွန်သင်ဟောကြားခြင်းတွေ၊အံ့ဖွယ်ရာတွေ၊ ကုသပျောက်ကင်းစေခြင်းတွေအားလုံးကို အထက်ကောင်းကင်က ခမည်းတော်ဘုရား အခွင့်အာဏာအားဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းကို နားလည်သိရှိနိုင်ကြမှာဖြစ်ပါတယ်။   

Daily Reflection
2024-12-12 07:38:40

13.12.2024 – 2nd Week of Advent; Friday
St.Lucy
အာဒ်ဝင်တူးကာလဒုတိယသီတင်းပတ်၊သောကြာနေ့
ဟေရှာယ ၄၈း  ၁၇ - ၁၉
ရှင်မာတေဦး ၁၁း ၁၆- ၁၉-Mt.11:16-19
Reflection By Daw Moe  Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)