21.12.2024 – 3rd Week of Advent; Saturday
အာဒ်ဝင်တူးကာလတတိယသီတင်းပတ်၊စနေနေ့
ဇေဖနိ ၃း၁၄ - ၁၈က
ရှင်လုကာ ၁း ၃၉ - ၄၅ - Luke 1:39-45
Reflection By Daw Moe Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကောင်းကင်တမန်တော်က အမိမယ်တော်မာရီးယားကို သူ့ရဲ့ဆွေမျိုး၊ သက်ကြီးပိုင်းအမျိုးသမီးဖြစ်တဲ့ဧလိဇဘက်မှာ ကိုယ်ဝန်ခြောက်လခန့်ရှိနေပြီလို့ သိသိရချင်း အမိမယ်တော်ကချက်ချင်းပဲ ဧလိဇဘက်ရှိရာဆီကို ချက်ချင်းပဲ ခရီးထွက်ခဲ့ပေမယ့်တကယ်တော့ အမိမယ်တော်သည်လည်းပဲအဲဒီချိန်မှာတင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့ပါပြီ။ဒါပေမယ့် ငါကကိုယ်ဝန်ရှိစမို့လို့၊ ကိုယ်ဝန်နုသေးတဲ့အချိန်မို့၊ကြမ်းကြမ်း တမ်းတမ်းသွားသွားလာလာတွေ မလုပ်သေးပါဘူးလို့ အမိမယ်တော်တွေးခဲ့မယ်မထင်ပါဘူး။ သူ့ရဲ့ကိုယ်ဝန်ကိုအကြောင်းပြပြီး သူသက်သာသလို၊ အဆင်ပြေသလိုComfort Zoneထဲမှာပဲမနေနေဘဲ၊ အကူအညီလိုအပ်တဲ့ သက်ကြီးကိုယ်ဝန်သည်ဆီကို ရအောင်ပြေးသွားပြီး လိုအပ်သလိုကူညီပြုစုစောင့်ရှောက်ပေးခဲ့တာပါ။ကျွန်ုပ်တို့တွေလည်း တစ်ပါးသူရဲ့လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးဖို့ အမိမယ်တော်ကိုပဲ အတုယူကြရမှာဖြစ်ပါတယ်။ ငါအဆင်မပြေသေးလို့ နောက်မှပဲကူညီပါတော့မယ်တို့၊ လောလောဆယ်ငါတောင်မှ အဆင်မပြေဖြစ်နေတာ ဘယ်လိုလုပ်ပြီးသူများကိုကူညီပေးဖို့ စဥ်းစားပေးရမှာလဲတို့၊လောလောဆယ် အဆင်ပြေနေလို့ အဆင်ပြေနေတဲ့အထဲက နည်းနည်းလောက်တော့ မျှလိုက်ပါဦးမယ်တို့ လုပ်လို့မရပါဘူး။အထူးသဖြင့် အရင်ကထက်ပိုပြီး အထူးပေးကမ်းဝေမျှရမယ့် ခရစ္စမတ်ကာလမှာ မိမိတို့ရဲ့Comfort zoneထဲကထွက်ပြီး၊ မိမိတို့ရဲ့အခက်အခဲထက် မိမိတို့ရဲ့အကူအညီကိုလိုအပ်နေတဲ့တစ်ပါးသူတွေရဲ့အခက်အခဲကို ပိုပြီးဦးစားပေး၊ရှေ့တန်းတင်တတ်ဖို့ ဒီနေ့ရဲ့ဧဝံဂေလိကျမ်းစာအားဖြင့်အမိမယ်တော်မာရီးယားက ကျွန်ုပ်တို့ကို သင်ကြား၊လမ်းပြပေးနေတာဖြစ်ပါတယ်။