Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-12-14 05:37:44

15.12.2024 – 3rd Sunday of Advent;
အာဒ်ဝင်တူး တတိယတနင်္ဂနွေနေ့
St.Mary di Rosa
ဇေဖနိ ၃း ၁၄ - ၁၈ ,ဖိလိပ္ပိ ၄း ၄ - ၇
ရှင်လုကာ ၃း၁၀ - ၁၈- Luke 3:10-18
Reflection By Daw Moe  Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ကြွလာတော်မူမယ့်ကယ်တင်ရှင်မက်ဆီးယားကိုကြိုဆိုဖို့ အကောင်းဆုံးပြင်ဆင်စောင့်မျှော်နေရတဲ့ဒီရက်သတ္တပတ်တွေထဲမှာ နေ့စဥ်ဖတ်ရှုရတဲ့ကျမ်းစာအားလုံးက မိမိတို့နောင်တရဖို့၊အသက်တာပြောင်းလဲခြင်းရှိဖို့ တိုက်တွန်းနှိုးဆော်နေတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။​အသက်တာပြောင်းလဲခြင်းနဲ့ အပြစ်ကိုဝန်ခံစွန့်ပစ်ခြင်းကို ခွဲခြားလို့မရနိုင်သလို၊နောင်တတရားဆိုတာကိုလည်း လက်တွေ့လုပ်ဆောင်ခြင်းနဲ့ ဒွန်တွဲထားရမှာဖြစ်ပါတယ်။ ခရစ်တော်နောက်လိုက်ကောင်းဖြစ်ဖို့ ​အမှန်ကိုပြောပြီး၊ အမှန်ကိုပဲလက်တွေ့လုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒါကြောင့်လည်း ဒီနေ့ဧဝံဂေလိကျမ်းစာအားဖြင့်ကျွန်ုပ်တို့အားလုံး မဖြစ်မနေ လက်တွေ့လုပ်ဆောင်ရမယ့် အချက်၃ချက်ကို အောက်ပါအတိုင်း ရှင်ယောဟန်ဘတ္တိဇံက တောင်းဆိုတိုက်တွန်းထားတာဖြစ်ပါတယ်။၁။မိမိတို့ပိုင်ဆိုင်သောအရာကို လိုအပ်သူတစ်ဦးဦးအား အမြဲတမ်းဝေမျှပေးရပါ့မယ်။၂။ဘယ်လိုလုပ်ငန်း၊ဘာစီးပွားရေးပဲ လုပ်ကိုင်ပါစေ၊ကောင်းမွန်စွာနဲ့ တရားမျှတစွာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။၃။ရသောဝင်ငွေနဲ့ တင်းတိမ်ရောင့်ရဲကြရပါ့မယ်။ဒါ့ကြောင့် မှန်ကန်တဲ့အသက်တာနဲ့ ရှင်သန်နေထိုင်သွားဖို့အတွက် မိမိတို့ပိုင်ဆိုင်သောအရာကို တစ်ပါးသူအား ဝေမျှခြင်း၊ မိမိတို့လုပ်ငန်းဆောင်တာ စီးပွားရေးကို ရိုးသားစွာနဲ့ကောင်းမွန်စွာလုပ်ဆောင်ခြင်း၊တင်းတိမ်ရောင့်ရဲခြင်း အစရှိတဲ့ဒီအချက်၃ချက်မှာ ဘယ်အချက်က ကျွန်ုပ်တို့အတွက်စိန်ခေါ်မှုအများဆုံး ဖြစ်နေမလဲ။

Daily Reflection
2024-12-12 07:38:40

13.12.2024 – 2nd Week of Advent; Friday
St.Lucy
အာဒ်ဝင်တူးကာလဒုတိယသီတင်းပတ်၊သောကြာနေ့
ဟေရှာယ ၄၈း  ၁၇ - ၁၉
ရှင်မာတေဦး ၁၁း ၁၆- ၁၉-Mt.11:16-19
Reflection By Daw Moe  Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)