Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-12-21 05:10:42

22.12.2024 – 4th Week of Advent; Sunday
အာဒ်ဝင်တူး စတုတ္ထတနင်္ဂနွေနေ့
မိက္ခာ ၅း ၂ - ၅ - ဟေဗြေဦး ၁၀း ၅ - ၁၀
ရှင်လုကာ ၁း ၃၉ - ၄၅ - Luke 1:39-45
Reflection By Daw Moe  Trio 
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ပထမကျမ်းစာထဲမှာ ကြွလာတော်မူမယ့်မက်ဆီးယားရှင်ကိုယ်တိုင်ဟာလည်း "ငြိမ်းချမ်းခြင်း"ဖြစ်တယ်လို့ဆိုထားပါတယ်။ခရစ်တော်ပေးတဲ့ငြိမ်းချမ်းခြင်းကိုရရှိဖို့ကဒုတိယကျမ်းစာထဲမှာဖော်ပြထားသလိုပဲ ဘုရားအလိုတော်ကိုနားထောင်နာခံလုပ်ဆောင်ဖို့လိုတယ်။ကျွန်ုပ်တို့အတွက် ဘုရားအလိုတော်ကို အသင်းတော်ရဲ့သွန်သင်ချက်တွေနဲ့ နှုတ်ကပတ်တော်သမ္မာကျမ်းစာတော်အားဖြင့်သိရှိနိုင်ပါတယ်။ခရစ်တော်ကိုရရှိထားခြင်းအားဖြင့်ခရစ်တော်ပေးတဲ့ငြိမ်းချမ်းရေးကို ပိုင်ဆိုင်ထားတဲ့လူဖြစ်သလို၊ဘုရားသခင်အလိုတော်ကိုလည်း နာခံလုပ်ဆောင်နိုင်သောလူအဖြစ် အကောင်းဆုံးဥပမာအနေနဲ့ဒီနေ့ရဲ့ဧဝံဂေလိကျမ်းစာထဲကမယ်တော်သခင်မကိုမြင်သာထင်ရှားစွာနဲ့အတုယူနိုင်ပါတယ်၊ အတုယူရမှာဖြစ်ပါတယ်။ဒီနေ့ဧဝံဂေလိကျမ်းစာထဲမှာနောက်ထပ်ထောက်ရှုစရာတစ်ချက်က အမိမယ်တော်မှာကိုယ်ဝန်ရှိနေတာကို ဧလိဇဘက်က ဘယ်လိုလုပ် သိနှင့်နေရတာလဲ။ဧလိဇဘက်က မယ်တော်ကိုတွေ့တွေ့ချင်း "ကျွန်ုပ်သခင်ရဲ့မိခင်ကကျွန်ုပ်ဆီကိုကြွလာတာကို အဘယ်ကြောင့် ကျွန်ုပ်ခံရပါသနည်း"။ လို့ပြောနိုင်ရတာလဲ၊ ပြောခဲ့ရတာလဲ။ အကြောင်းရင်းကတော့ ဧလိဇဘက်က သန့်ရှင်းသောဝိညာဥ်ပြည့်ဝနေလို့ပဲဖြစ်ပါတယ်။ မယ်တော်ဝမ်းကြာတိုက်မှာ ခရစ်တော်ရှိနေတာကိုသူကသိခဲ့တာပါ။တကယ်တော့ ခရစ်တော်ကိုပထမဦးဆုံး"သခင်""The Lord"လို့ ခေါ်ခဲ့တဲ့သူက ဧလိဇဘက်ပဲဖြစ်တယ်။ဒါကြောင့်ဧလိဇဘက်လိုပဲ အမိမယ်တော်ကိုသိတဲ့လူ၊ သားတော်ဘုရားမိခင်အဖြစ်၊ကယ်တင်ခြင်းသမိုင်းမှာမရေးပါတဲ့ပုဂ္ဂိုလ်တစ်ပါးအဖြစ်အသိအမှတ်ပြုတဲ့လူ၊လက်ခံတဲ့သူဖြစ်ကြရမှာဖြစ်ပါတယ်။

Daily Reflection
2024-12-12 07:38:40

13.12.2024 – 2nd Week of Advent; Friday
St.Lucy
အာဒ်ဝင်တူးကာလဒုတိယသီတင်းပတ်၊သောကြာနေ့
ဟေရှာယ ၄၈း  ၁၇ - ၁၉
ရှင်မာတေဦး ၁၁း ၁၆- ၁၉-Mt.11:16-19
Reflection By Daw Moe  Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)