1.5.2024 - 5th week Wednesday of Eastertide
မေလ ၁ ရက် ၊ ၂ ၀၂၄၊ ပါစကားကာလ ပဥ္စမပတ် ဗုဒ္ဓဟူးနေ့၊
Saint Joseph the Worker - Feast
ရှင်ယောဟန် ၁၅း ၁- ၈-
Reflection by Brother John Theresan O.P
Posted by Sr. Benedetta Myat Hnin Nwe,ISR
ထောက်ရှုချက်...ယနေ့ ဧဝံဂလိကျမ်းတွင် သခင်ခရစ်တော်က စပျစ်နွယ်ပင်နှင့် အကိုင်းအခက်များ၏ ပုံဥပမာကိုကျွန်ုပ်တို့အားသွင်သင်ဆုံးမထားခဲ့သည်ကိုတွေ့ရှိရပါသည်။ဤသည်မှာကျွန်ုပ်တို့အတွက်အလွန်အဖိုးထိုက်လှသော ဥပမာတစ်ခုဖြစ်သည်။သူသည် “စစ်မှန်သော” စပျစ်နွယ်ပင်ဖြစ်ပြီး ခမည်းတော်သည်စပျစ်ပင်ကိုစိုက်ပျိုးသူဖြစ်ကြောင်းကို တပည့်တော်များအားကိုယ်တော်ကပြောခဲ့လေသည်။မိုက်ကယ်အန်ဂျေလို ဟုပြောလိုက်ရင် ခေတ်တိုင်းတွင်အကြီးအကျယ်ဆုံးသော အနုပညာရှင်တစ်ဦးဖြစ်သည်။ တစ်နေ့တွင်ပုပ်ရဟန်းမင်းကြီးက သူ့အား စစ်စတင်းဘုရားကျောင်းတော်ကြီး၌၎င်းဆွဲလိုသောပုံစံပြော၍ ဆွဲခိုင်းရာအနုပညာရှင်ကြီးက လက်ခံခဲ့လေသည်။သူသည်ပုံကြမ်းကို သေချာစွာရေးဆွဲပြီးအပေါ်သို့တက်၍ဘုရားကျောင်းအောက်ခံအမိုးတွင်ထိုပန်းချီကားကို စိတ်ရှည်စွာဖြင့်ဆွဲလေသည်။ အချိန်လည်းကြာ ညောင်းရှာလေသည်။ ထိုအခါ ရဟန်းမင်းကြီးသည် မိုက်ကယ်အန်ဂျေလိုဆွဲနေသော အောက်မှနေ၍ အပေါ်သို့မော့ကြည့်ပြီး ဤသို့ပြောလေသည်.....မိုက်ကယ်အန်ဂျေလို သင်ဒီအလုပ်ဘယ်တော့ပြီးမလဲ...?တပည့်တော်ပြီးနိုင်သည့်အချိန်ပေါ့ဘုရား။ဒီအလုပ်သင်လုပ်နေတာကြာပါပြီ ဒါပေမဲ့ ကြည့်ရတာသင်မစသေးဘူးလို့ထင်နေရတယ်။ ကိုယ်တော်ရယ် တပည့်တော်အလုပ်လုပ်တဲ့အခါ တဒင်္ဂအတွက်မဟုတ်ပါဘူး,,,,ထာဝရအတွက်ပါ ဒါကြောင့် ကောင်းကောင်းလုပ် နေတာပါဘုရား..ကျွန်ုပ်တို့တွေသည်လည်း မည့်သည့်အလုပ်တွေမဆို ထာဝရအတွက်ရည်ရွယ်၍ အကောင်းဆုံးလုပ်ဆောင်သင့်ကြောင်းကို မိုက်ကယ်အန်ဂျေလိုက သင်ပြပေးသွားခဲ့လေသည်။စပျစ်နွယ်ပင်ကိုစိုက်ပျိုးသူမည်သူမဆို ကောင်းသောစပျစ်ပင်နှင့်အရည်အသွေးကောင်း သောစပျစ်ရည်ကိုထုတ်လုပ်ပေးနိုင်မည့်စပျစ်သီးကောင်းများကိုစိုက်ပျိုးရန် သူ့မှာတာဝန်ရှိသည်။ ကောင်းသောအပင်ကိုပြုစုပျိုးထောင်ပြီးမကောင်းသောအပင်များကိုဥယျာဥ်မှူးကခုတ်ထွင် လိမ့်မည်။ ဒါကြောင့် ကောင်းကင်ရွှေပြည်တော်သို့ ထာဝရအသက်တာရှင်သန်နေရဖို့အတွက် ကျွန်ုပ်တို့ရဲ့စိတ်နှလုံး၌လည်း စစ်မှန်သောချစ်ခြင်းမေတ္တာတွေကို တခဏတာမဟုတ်ဘဲ ထာဝရအတွက်တည်မြဲဖို့ ကြိုးစားသွားကြပါစို့...။စိန့်ဂျိုးဇက်.....ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။