Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-05-02 08:19:47

3.5.2024 - 5th week Friday of Eastertide

 

မေလ ၃ ရက်  ၊ ၂ ၀၂၄၊ ပါစကားကာလ ပဥ္စမပတ် သော‌ကြာနေ့၊

 

St. Philip and St. James, Apostles-feast

 

ရှင်ယောဟန်.... ၁၄း၆-၁၄ -  John 14:6-14

 

Reflection by Brother John Theresan O.P    

 

Posted by Sr. Benedetta Myat Hnin Nwe,ISR

**ထောက်ရှုချက်**ငါသည် လမ်းခရီးဖြစ်သည်..ငါသည် အလင်းဖြစ်သည်...ငါသည် အသက်လည်းဖြစ်သည်ဟုသခင်ခရစ်တော် မိန့်ဆိုခဲ့လေသည်။ တစ်နေ့မှာတော့ ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးသည် နယ်လှည့်မယ်ဆိုပြီး ကားမှတ်တိုင်မှာ Bus အလာကိုစောင့်နေစဥ်တွင် မှတ်တိုင်နှင့်မလှမ်းမကမ်းမှာ သူတောင်းစားတစ်ယောက်က သူ့ဆီဦးတည်လာနေတာကိုတွေ့တော့ ဘုန်းတော်ကြီးက ဒီသူတောင်းစားတော့ ငါ့ဆီလာတောာင်းတော့မယ် ဟုစိတ်ထဲရွတ်ဆိုပြီး တစ်ဘက်မှာလည်း သူစောင့်နေတဲ့ Bus ကလည်း လာနေတာကိုတွေ့တော့ သူကြိတ်ပျော်နေလေသည်။ သူတောင်းစားခမျာကလည်း ကားလာနေတာကိုတွေ့တော့ အမြန်ဘုန်းကြီးဆီပြေးလာပါတော့သည်။ Bus က မှတ်တိုင်မှာရပ်တော့ ဘုန်းတော်ကြီး ကားပေါ်တက်ရန်ခြေလှမ်းအမြန်စလှမ်းနေတဲ့အချိန်မှာပဲ သူတောင်းစားက သူကိုင်ထားတဲ့ခွက်ကလေးကို လွတ်ချလိုက်ပြီး ဘုန်းကြီးဆီအမြန်ပြေးလာရင်း ဘုန်းဘုန်းခနစောင့်ပါအုန်း ဟုဆိုပြီး သူ့အိပ်ကပ်ထဲ့က ပိုက်ဆံကိုထုတ်ရင်းပြေးလာလေသည်။ဘုန်းတော်ကြီးက စိတ်ဆိုးနေတဲ့ဟန်ဖြင့်ရပ်နေရင်း ကိုယ်တော်မနေ့က တနင်္ဂနွေနေ့ပါ။ တပည့်တော်မစ္ဆားမတက်လိုက်ရဘူးအိမ်ကအမေစားစရာမရှိတော့လို့ လိုက်တောင်းပေးနေရတာ။ ဒီမှာကိုယ်တော် ဒီပိုက်ဆံတွေဟာဒီနေ့ တပည့်တော်တောင်းရတဲ့ပိုက်ဆံတွေပါ။ ကျေးဇူးပြုပြီးဘုန်းဘုန်းရောက်တဲ့ဘုရားကျောင်းရဲ့ အလှူခံသေတ္တာထဲမှာထည့်ပေးပါဟုဆိုပြီး သူရတဲ့ငွေအားလုံး ဘုန်းတော်ကြီးလက်ထဲထည့်ပြီးသူလွတ်ချခဲ့တဲ့ သူ့ရဲ့ခွက်ကလေးကို ပြန်ကောက်ရန် Bus ကားဆီကနေ ပြန်လှည့်ထွက်ခွာခဲ့လေ သည်။ ဘုန်းတော်ကြီးခင်မျာ အငိုမျက်လုံး အပြုံးမျက်နှာလေးနဲ့ Bus ကားထဲမှာကျန်ရစ်ခဲ့ပါတော့ လေသည်ကျွန်ုပ်တို့ ရဟန်း သီလရှင် ကိုရင်တွေဆိုတာ တပါးသူအတွက် ထာဝရ အသက်ရရှိဖို့ရန်အတွက် စံပြကောင်းသောလမ်းဖြစ်ပြီး မှောင်ရာ၌လည်း အလင်းဖြစ်ရမယ်။ ကိုယ်ခင်းထားတဲ့လမ်းကောင်းမှနောက်လိုက်သူများအတွက်ယုံကြည်ရာလမ်းဖြစ်လာနိုင်မှာ အသေအချာပဲလေ။ သခင်ခရစ်တော်ရဲ့ နှုတ်တော်ထွက်စကားသည်အဖခမည်းတော်ဘုရားဆီမှ ဆင်းသက်လာသည့် နုတ်တော်ထွက်စကားဖြစ်သည်။ ထာဝရအသက်တာအတွက် ဘဝနည်းလမ်း များကို ကျွန်ုပ်တို့ရွေးချယ်ရာတွင် သခင်ခရစ်တော်ရဲ့ နှုတ်တော်ထွက်စကားသည် မှန်ကန်သော လမ်း၌ ကျွန်ုပ်တို့ကို ဦးတည်စေပါသည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် တည်တံ့ခိုင်မြဲဖို့ရန်အ အတွက်လည်း သခင်ခရစ်တော်ကကျွန်ုပ်တို့ကို သွန်သင်ညွှန်ပြရုံမကပဲ သူသည်သာ လမ်းခရီး၊သူသည်သာ အလင်းနှင့်သူသည်သာ အသက်ဖြစ်သည်ဟုလည်း ဆိုခဲ့သည်။ ဤအရာကိုကြည့်ခြင်း အားဖြင့် ကျွန်ုပ်တို့ရဲ့ဘဝသည် မသေချာမရေရာမှုများကြားထဲက ကျွန်ုပ်တို့ရဲ့ ဘဝကို သခင်ခရစ်တော်က ကျွန်ုပ်တို့ကိုအာမခံချက်ပေးနေပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို အားကိုး၍ မှီဝဲနိုင်ပါသည်။ ဘုရားသခင်သည် မသေချာမရေရာမှုများကြားထဲက ကျွန်ုပ်တို့ရဲ့ဘဝကို နစ်မွန်းမှုမဖြစ်စေရန် ကျွန်ုပ်တို့အား သူရဲ့တစ်ဦးတည်းသောသားတော်ကိုလည်းပေးခဲ့လေသည်။ယုံကြည်စွာနဲ့ အားကိုးပါ။

 

Daily Reflection