Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-05-03 05:38:40

4.5.2024 - 5th week Saturday of Eastertide

 

မေလ  ၄ ရက်  ၊ ၂ ၀၂၄၊ ပါစကားကာလ ပဥ္စမပတ် ‌စနေနေ့၊

 

ရှင်ယောဟန်.... ၁၅း၁၈-၂၁, John 15:18-21

 

Reflection by Saw Henery O.P

 

Posted by Sr. Benedetta Myat Hnin Nwe,ISR

*ထောက်ရှုချက်*တပည့်တော်ကြီးများ အာနာဂါတ်မှာကြုံတွေ့ရမည့် ညင်းပန်းနှိပ်စက်ခံရခြင်းများ လူအများရဲ့မုန်းတီးခံရခြင်းများ သခင်ခရစ်တော်ကကြိုပြီးဟောကိန်းထုတ်မိန့်ကြားခဲ့လေသည်။ လူတွေအ မုန်းခံရအည့် အကောင်းအရင်းကတေ့ာတပည့်တော်ကြီးများအပါအဝင် သခင်ခရစ်တော်နောက်လိုက်များသည် ဒီလောကအသက်တာနှင့်မသက်ဆိုင်လို့ဖြစ်ပါတယ်။ တကယ်တော့ဒီကျမ်းစကားသည် ဒီနေ့ဒီအချိန်မှာတော့ ကျွန်ုပ်တို့ယုံကြည်သူ ခရစ်ယာန် သားသမီးများကို ဆက်လက်ပြီးပြောနေဆဲပင်ဖြစ်ပါသည်။ ခရစ်ယာန်ဖြစ်ရခြင်းမှာလွယ်မယောင်နဲ့ “ခက်” တိမ်မယောာင်နဲ့ “နက် “လေသည်။ ခရစ်ယာန်ဖြစ်ရခြင်းဟာအဖိုးအခကြီးမားပါလေသည်။ယုံကြည်သူကျွန်ုပ်တို့အတွက် သခင်ခရစ်တော်က“ သင်တို့သည်ဤလောကနှင့်သက်ဆိုင်သည်မဟုတ်“ဟုဆိုသောသတိပေးချက်ကလည်း သခင်ခရစ်တော်ကိုယ်တိုင်ကကျွန်ုပ်တို့ကို မိန့်ဆိုခဲ့လေသည်။ဒီကမ္ဘာလောကနှင့်မသက်ဆိုင်ဘူးဆိုတော့ တခြားသူတွေနဲ့အဆက်အဆံမလုပ်ပဲ ကန့်လန့်တိုက်နေရမည်ဟု သခင်ခရစ်တော်မဆိုလိုပါ။သခင့်ရဲ့ဖိတ်ခေါ်ချက်ကတော့ ကမ္ဘာလောကရဲ့ အတွေးအခေါ်အပြုအမူအတိုင်း မလိုက်နာမနေထိုင်ကြဖို့ပဲဖြစ်လေသည်။ ကျွန်ုပ်တို့တတွေဟာ သခင်ဘုရားက သစ္စာတရားနှင့်အညီနေထိုင်ဟောပြောအသက်ရှင်ဖို့ဖိတ်ခေါ်ပါလေသည်။ အမှန်တရားကိုမျက်မှောက်ပြုရလို့ ကြုံလာရမည့်ဒုက္ခအခက်အခဲများကိုသတ္တိရှိရှိနဲ့ ရင်ဆိုင်နိုင်ဖို့ တောင်းဆုပြုပါလေသည် သေချာတာတစ်ခုကတော့ဒီဒုက္ခတွေထဲမှာ သခင်သည် ကျွန်ုပ်တို့နှင့်အတူ ရှိနေမည်မှာ မဟုတ်လား......?

Daily Reflection
2024-05-14 07:22:35

15.5.2024 - 7th Week of Easter, Wednesday
St. Isidore the Farmer
မေလ ၁၅ ရက်၊ ၂ ၀၂၄၊ ပါစကားကာလသတ္တမပတ် ‌ဗုဒ္ဓဟူးနေ့၊
ရှင်ယောဟန် ၁၇း ၁၁ - ၁၉ - John 17:11-19
Reflection by Bro. John Therersan O.P
Posted by Sr. Benedetta Myat Hnin Nwe,ISR