Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-05-04 07:16:03

5.5.2024 - 6th Sunday of Easter
မေလ ၅ ရက်  ၊ ၂ ၀၂၄၊ ပါစကားကာလ ဆဌမပတ် တနင်္ဂနွေနေ့၊
ရှင်ယောဟန်...၁၅ ၉ - ၁၇ -  John 15:9-17
Reflection by Sr.Mini Cherubin O.P
Posted by Sr. Benedetta Myat Hnin Nwe,ISR

ထောက်ရှုချက်.... သင်တို့ကို အဆွေဟူ၍ ငါခေါ်၏။ကျွန်ုပ်တို့ရဲ့ဘဝမှာ မိတ်ဆွေကောင်းရှိခြင်းဟာ ကောင်းချီးတစ်ခုပဲဆိုတာ ကျွန်ုပ်တို့ရဲ့ဘဝ အတွေ့အကြုံတွေကနေ အားလုံးသိကြမှာပါ။ ဒီလို social media တွေတက်နေတဲ့ခေတ်မှာ ကျွန်ုပ်တို့လွယ်လွယ်ကူကူ မိတ်ဖွဲ့တတ်ကြတယ်။ ဥပမာအားဖြင့် ကျွန်ုပ်တို့ရဲ့ Facebook friend lists တွေကြည့်ကြည့်ပါ... ထောင်သောင်း ဂဏန်းတွေနဲ့ပါ။ ဒါပေမဲ့ အဲဒီထောင်သောင်း မိတ်ဆွေတွေထဲက ဘယ်နှစ်ယောက်က ကျွန်ုပ်တို့ရဲ့ မိတ်ဆွေကောင်းဖြစ်လဲဆိုတာကို ရေတွက်လို့ရပါတယ်။ဒီနေ့ကျမ်းစာတော်မြတ်ထဲမှာ သခင်ယေဇူးက သူ့ရဲ့တပည့်တော်တွေကို “ငါသည်သင်တို့ကို အဆွေဟူ၍ ငါခေါ်လေ၏။ “ဖော်ပြထားခဲ့လေသည်။ သခင်ယေဇူးက ကျွန်ုပ်တို့တစ်ဦးချင်းစီရဲ့မိတ်ဆွေဖြစ်ဖို့အတွက် ကျွန်ုပ်တို့တစ်ဦးချင်းစီကို ရွေးကောက်ထားတယ်“ငါသည်သင်တို့ကို ရွှေး ကောက်ထားသည် “ဟုလည်းဖော်ပြထားပါသည်။ ဘာလို့လဲဆိုတော့ မိတ်ဆွေကောင်းကိုသာလျှင် သူတို့၏အနက်ရှိုင်းဆုံးနှင့် တန် ဖိုးအရှိဆုံးသော အရာများကို အချင်းချင်းမျှဝေနိုင်လို့ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ မိတ်ဆွေကောင်း ဖြစ်ကြောင်းကိုလည်း နည်းလမ်းနှစ်ခုနဲ့ ပြသခဲ့လေသည်။ခမည်းတော်ဘုရားကနေ ကြားသိရသမျှကို ကျွန်ုပ်တို့နှင့် ဝေငှခြင်းအားဖြင့် ဥပမာပြခဲ့ပါတယ်။“သင်တို့နှင့်အဆွေဟူ၍ ငါခေါ်၏။ အကြောင်းမူကား ငါသည်ခမည်းတော်ထံ၌ ကြားသမျှသသောအရာတို့ကို သင်တို့အားငါပြသ၏။” သူဆိုခဲ့လေသည်။ သူ့ရဲ့ချစ်ခြင်းမေတ္တာကိုလည်း ကားတိုင်ထက်မှာ အသက်ပေးပြီးသက်သေပြခဲ့လေတယ်။“ကိုယ့်အဆွေတို့အဖို့ငှါကိုယ့်အသက်ကိုစွန့်ခြင်း မေတ္တာထက်သာ၍ မြတ်သောမေတ္တာသည် အဘယ်သူမျှမရှိ”။သခင်ယေဇူးက ကျွန်ုပ်တို့ကို ချစ်ခြင်းမေတ္တာဖြင့်ရွေး ချယ်ခဲ့သည်။ ဒါကကျွန်ုပ်တို့ဘဝမှာ ဘာပဲဖြစ်နေဖြစ်နေ ဘယ်တော့မှပြန်ယူသွားမည်မဟုတ်သည့် လက်ဆောင်တစ်ခုဖြစ်တယ်။ထို့အပြင် သခင်ယေဇူးကသူ့ရဲ့ပညတ်တော်ကို စောင့်ရှောက်ခြင်းအားဖြင့် သူ၏ချစ်ခြင်းမေတ္တာ၌တည်မြဲစေဖို့အတွက် ကျွန်ုပ်တို့ကိုလည်း ပြောကြားထားပါသေးတယ်။ ဘာလို့လဲဆို‌တော့ချစ်ခြင်းအားဖြင့်ဖြစ်တည်လာသော အရာခပ်သိမ်းသည် ချစ်ခြင်းဖြင့်သာလျှင် ပြီးပြည့်စုံမည်သောကြောင့်ပင်ဖြစ်လေသည်။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာခံယူရခြင်းသည်လည်းအသက်တာ၌ပျော်ရွင်နေစေရန် ဖြစ်လေသည်။

Daily Reflection