6.5.2024 - 6th Week of Easter, Monday
မေလ ၆ ရက် ၊ ၂ ၀၂၄၊ ပါစကားကာလ ဆဌမပတ် တနင်္လာနေ့၊
Blessed Francois de Montmorency Laval
ရှင်ယောဟန် ၁၅း ၂၆, ၁၆း ၄ - John 15:26,16:4
Reflection by Bro. Joseph O.P
Posted by Sr. Benedetta Myat Hnin Nwe,ISR
ထောက်ရှုချက်.....သန့်ရှင်းသောဝိညာဥ်တော်စေလွတ်ခြင်းဤကျမ်းပိုဒ်သည်သခင်ယေဇူးရဲ့ညစာစားပွဲအပြီးသွင်သင်ချက်များ၏လောကရဲ့မုန်းတီးခြင်း အကြောင်နောက်ဆုံးပိုင်းဖြစ်သည်။ ညင်းပန်းနိပ်စက်ခြင်းကာလဆိုက်လာမည့်အကြောင်းကို သိတော်မူသောသခင်ယေဇူးသည် သန့်ရှင်းသောဝိညာဥ်တော်ကို စေလွတ်မည့်အကြောင်း၊လူသည် သခင်ယေဇူးသက်သေခံမည့်အကြောင်းကို မှာကြားတော်မူခြင်းပင်ဖြစ်၏။သခင်ယေဇူးရဲ့နောက်လိုက်တွေဟာ ညင်းပန်းနှိပ်စက်ခြင်းခံရချိန်၊မသေချာမရေရာ၊ရှုပ်ထွေး မှုများတွေကြားမျော်လင့်ချက်မဲ့နေချိန်မှာသခင်ယေဇူးကသန့်ရှင်းသောဝိညာဥ်တော်ကို စေလွတ်ခြင်းကြောင့် ယနေ့ချိန်ထိဘုရားရဲ့လူမျိုးနှင့်နိုင်ငံတော်သည်ဘုရားရဲ့ဘုန်းဂုဏ်တော်ကို အစဥ်မပြတ်သက်သေခံနေဆဲပင်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်တုန်းကလို ယခုလက်ရှိကျွန်တော်တို့လောကကြီးဟာစစ်မီး ဆိုတဲ့ကပ်ဆိုးကြီးနှင့် ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့လည်း ဒီကျမ်းပိုဒ်ကနေတစ်ဆင့်သခင်ယေဇူး ကပြောနေပါတယ်။ မျှောင်လင့်ချက် မကင်းမဲ့ဖို့ဘုရားအပေါ်မှာယုံကြည်အားကိုးခြင်းအားမနည်းဖို့ အဘယ်ကြောင့်ဆိုသော်သခင်ယေဇူးကိုယ်တိုင်ကပြောနေပါတယ်။ ကျွန်ုပ်တို့ကို ကွယ်ကာမစဖို့၊ လမ်းပြဖို့၊သန့်ရှင်းသောဝိညာဥ်တော်ကျွန်ုပ်တို့နှင့်အတူရှိတော်မူတယ်ဆိုတာကိုသတိရအောက်မေ့ကြပါစို့လား။