8.5.2024 - 6th Week of Easter, Wednesday
မေလ ၈ ရက် ၊ ၂ ၀၂၄၊ ပါစကားကာလ ဆဌမပတ် ဗုဒ္ဓဟူးနေ့၊
ရှင်ယောဟန် ၁၆း ၅ - ၁၂-၁၅- John 16:12-15
Reflection by Bro. Joseph O.P
Posted by Sr. Benedetta Myat Hnin Nwe,ISR
ထောက်ရှုချက်......ဒေါမိနစ်ကန်အသင်းဂိုဏ်းထဲက ရဟန္တာတစ်ပါးဖြစ်တဲ့စိန့်ကက်သရင်းသည်ငယ်စဥ်ကတည်းကပင် စာတန်ပေတန် မလေ့လာဖူး မသင်ယူဖူးခဲ့ဘူး ဆိုပေမဲ့သူမသည်ဘုရားရှင်ကို အလွန်ချစ်မြတ်နိုးစိတ်ကြောင့် အထူးသဖြင့် ခင်ခရစ်တော်ကိုချစ်တဲ့စိတ်ကြောင့် သန့်ရှင်းသောဝိညာဥ်တော်ဘုရားသည် သူမဆီအထဲ၌ဆင်းကြွတော်မူပြီး နှောင်တချိန်မှာ တယ့်ထူးချွန်ထက်မြက်တဲ့ရဟန္တာမလေးတစ်ပါးအဖြစ်နဲ့အသင်းဂိုဏ်းထဲသာမကပဲအသင်းတော်တစ်ခုလုံးထိ ဏ်ပြုချီးမွမ်းခြင်း ခံခဲ့ရပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဥ်တော်က အမှန်တရား( ဘုရား ) ကိုကျွန်ုပ်တို့အထဲသို့ ဖော်ပြလိမ့်မည်။ နောင်ဖြစ်လတ္တံ့သောအရာများကိုလည်းဖော်ပြလိမ့်မည်။ ဘုရားရဲ့ဘုန်းတော်ထင်ရှားစေခြင်းအဖို့ငှာ သခင်ယေဇူးကသန့်ရှင်းသောဝိညာဥ်တော်ကို ကျွန်ုပ်တို့ဆီစေလွတ် လိမ့်မည်။သူဖော်ပြသောအရာအားလုံးစုံတို့သည် ငါနှင့်ငါ့ခမည်းတော်ထံမှလာသောအရာပင်ဖြစ်သတည်း။