10.5.2024 - 6th Week of Easter, Friday
မေလ ၁၀ ရက် ၊ ၂ ၀၂၄၊ ပါစကားကာလ ဆဌမပတ် သောကြာနေ့၊
ရှင်ယောဟန် ၁၆း ၂၀ - ၂၃- John 16:20-23
Reflection by Bro. Henery O.P
Posted by Sr. Benedetta Myat Hnin Nwe,ISR
ထောက်ရှုချက်...ဒီနေ့ရဲ့ဧဝံဂလိကျမ်းဟာ ကျွန်ုပ်တို့ကို အမြဲခွန်အားပေးသောကျမ်းဖြစ်ပါတယ်။ လောကမှာအသက်ရှင်စဥ်ကြုံတွေ့ရမည့်ဒုက္ခဝေဒနာများဟာတစ်ချိန်ကျရင် အဆုံးသတ်ရမှာပါ။ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကလေးမမွေးမှီနာကျင်ခြင်းဝေဒနာကြောင့် မချိမဆန့်ခံစားရပေမဲ့မီးပွားပြီးသည့်နောက် ကလေးမျက်နှာမြင်ရသည့်အခါ နာကျင်ခြင်းဝေဒနာတွေ ကြက်ပျောက်ငှက်ပျောက် မရှိတော့တဲ့သလိုဖြစ်ကြောင်းနဲ့ သခင်ခရစ်တော်က ဥပမာပေးထားပါတယ်။ကျွန်ုပ်တို့ရဲ့ အမြင့်ဆုံးပန်းတိုင်ဟာ ကောင်းကင်နိုင်ငံတော်ဆုလာဘ်ဖြစ်ပြီး ဘုရားရှင်ရဲ့ မျက်မှောက်တော်ကိုဖူးတွေ့ရဖို့ပါပဲ။ ဒါကြောင့် ဒုက္ခမှကင်းရလိုပါ၏ဟုကျွန်ုပ်တို့ ဆုမတောင်းပဲဒုက္ခခံထမ်းပြီး ကိုယ်တော်ရဲ့မျက်နှာတော်ကိုမြင်တွေ့လိုပါ၏ ဟုဆုတောင်းကြပါစို့....။