11.5.2024 - 10.5.2024 - 6th Week of Easter, Saturday
မေလ ၁၁ ရက်၊ ၂ ၀၂၄၊ ပါစကားကာလ ဆဌမပတ် စနေနေ့၊
ရှင်ယောဟန် ၁၆း ၂၃ - ၂၈- John 16:23-28
Reflection by Bro. Joseph O.P
Posted by Sr. Benedetta Myat Hnin Nwe,ISR
ထောက်ရှုချက်..သခင်ယေဇူးမိန့်ကြားထားသည်မှာသူ၏အမည်နာမတော်၌ ခမည်းတော်ထံတောင်းလျှောက် ရာဟူသမျှတို့သည်နားညောင်းခြင်းခံရလိမ့်မည်။သခင်ယေဇူးက သူသည်ခမည်းတော်ဘုရား၏ သားတော်ဘုရားဖြစ်ကြောင်းပြောပါတယ်။သူကိုယ်တိုင်က ခမည်းတော်ဘုရားဟာ သူ၏ခမည်းတော်ဖြစ်ကြောင်း။ထို့ကြောင့်သူ့ကိုချစ်ခင်ယုံကြည်သောသူဟူသမျှသည်ခမည်းတော်၏ချစ်ခြင်းကိုခံစားရမည်ဖြစ်ကြောင်းကိုပြောပြနေပါတယ်။ဤအကြောင်းကြောင့်သူသည်အဖခမည်းတော်ထံသို့ ပြန်သွားရမည့်အကြောင်းကို သူ့နောက်လိုက်တပည့်တော်များအားအတိအလင်းမှာကြားတော်မူလေတယ်။ ဒါကြောင့်သူသည်သန့်ရှင်းသောဝိညာဥ်တော်ဘုရားကို စေလွတ်မည်ဖြစ်ကြောင်းကိုသခင်ခရစ်တော်ကကျွန်ုပ်တို့ကို ကတိပေးထားခဲ့လေတယ်။