Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-05-11 05:27:17

12.5.2024 - 7th Week of Easter, Sunday
Ascension of the Lord သခင်ယေဇူး ကောင်းကင်ဘုံသို့ တက်ကြွတော်မူသောပွဲ
မေလ  ၁၂ ရက်၊ ၂ ၀၂၄၊ ပါစကားကာလသတ္တမပတ် တနင်္ဂနွေနေ့၊
ရှင်ယောဟန်.... ၁၇း၁၁-၁၉-  John 17:11-19
Reflection by Bro. John Theresan O.P
Posted by Sr. Benedetta Myat Hnin Nwe,ISR

ထောက်ရှုချက်**ခရစ်တော်သည် အားလုံးစုံကိုတတ်နိုင်တော်မူသော အဖခမည်းတော်ဘုရား၏တစ်ပါးတည်းသောသားတော် ဖြစ်သော်လည်း ငါသည်မိုးမြေကိုဖန်ဆင်းခဲ့သူ၏သားတော်ဖြစ်သည်ဟူသော မာန်မာနဂုဏ်သတင်းကို သူမပြသခဲ့ပါ။ယနေ့ကျမ်းစာက သက်သေပြခဲ့သည်။အပြစ်သားများအတွက် နောင်တတရားရရန်၊ အပြစ်တွေရှောင်ရှားနိုင်ရန်၊ မကောင်းသောအတွေးများကိုရှောင်ရန်နှင့်နောက်ဆုံးတွင် ထာဝရအသက်ရရှိရန်အတွက် သခင်ခရစ်တော်သည် ကျွန်ုပ်တို့ကို သွင်သင်လမ်းညွှန်ပြပေးသောမိတ်ဆွေကောင်းတစ်ယောက်အဖြစ် ကျွန်ုပ်တို့နှင့်အတူသူနေခဲ့သည်။ ကျွန်ုပ်တို့အရမ်းချစ်မြတ်နိုးရသူ သို့မဟုတ် ကိုယ့်ချစ်သူသည် ကျွန်ုပ်တို့ဆီမှထွက်သွားဖို့ ရန်ကျွန်ု့ပ်တို့ မလိုလားသလို သို့မဟုတ် ကျွန်ုပ်တို့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ယောက်ကို ကျွန်ုပ်တို့မဆုံးရှုံးချင်သလိုပဲ သခင်ခရစ်တော်ကလည်း ကျွန်ုပ်တို့ကို သူနှင့်ဝေးရမှာကို သူမလိုချင်ပါ။ သူကိုယ်တိုင်ကလည်း ကျွန်ုပ်တို့နှင့်အတူတူ အမြဲရှိနေချင်တာ။ထို့ကြောင့် သခင်ခရစ်တော်နှင့် အဖခမည်းတော်ဘုရားသည်ခင်မင်ရင်းနှီးမှုရှိသလို ကျွန်ုပ်တို့သည်လည်း သခင်ခရစ်တော်နှင့် ခင်မင်ရင်းနှီးမှုရှိပါကကျွန်ုပ်တို့သည်လည်း အဖခမည်းတော်ဘုရား ၏နာမတော်မြတ်နှင့်စေလွှတ်ခြင်းခံရပါလိမ့်မည်။ ခရစ်ယာန်ဆိုသည်သခင်ခရစ်တော်၏ နောက်လိုက်သားများဖြစ်ကြသည်။ သခင်ခရစ်တော်၏ နက်နဲသောနှုတ်တော်ထွက်စကားနှင့် သူ၏ချစ်ခြင်းမေတ္တာတွေကို မသိရှိသေးသောနေရာများတွင်သွား၍ဝေမျှပေးခြင်းသည် ကျွန်ုပ်တို့၏တာဝန်ဖြစ်သည်။ သူ့၏Missionနှင့် ချစ်ခြင်းမေတ္တာတွေကို ကမ္ဘာ့အလယ်၌ သွား၍ဟောပြောနိုင်ရန်ကျွန်ုပ်တို့သည် သူနှင့်ရင်းနှီးမှုလိုအပ်သလို မိမိကိုယ်တိုင်ကလည်း သန့်ရှင်းစင်ကြယ်ဖို့လိုအပ်ပါသည်။ ဆုတောင်းခြင်းသည် ကိုယ်တော်နှင့်ကျွန်ုပ်တို့အကြားမှာ ခင်မင်ရင်းနှီးမှုပိုမိုကြီးထွားလာစေနိုင်ပြီးကျွန်ုပ်တို့ဘဝမှာ လိုအပ်နေသည့်နေ့စဥ်သန့်ရှင်းဖြူစင်မှုကိုလည်းဖြစ်ထွန်းစေပါသည်။

Daily Reflection