Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-05-15 08:21:43

16.5.2024 - 7th Week of Easter, Thursday
မေလ  ၁၆ ရက်၊ ၂ ၀၂၄၊ ပါစကားကာလသတ္တမပတ်ကြာသပတေး‌နေ့၊
ရှင်ယောဟန် (၁၇း ၂၀-၂၆) - John 17:20-26
Reflection by Bro.Xaverio Bo Bo O.P
Posted by Sr. Benedetta Myat Hnin Nwe,ISR

ထောက်ရှုချက်....ချစ်လှစွာသောဓမ္မမိတ်ဆွေအပေါင်းတို့ဤယနေ့ကျမ်းစာတော်ြမတ်တွင်ခရစ်တော်ဘုရားရှင်သည် ကျွန်ပ်တို့အဖို့ အဖခမည်းတော်ထံသို့အထူးလေးနက်စွာဆုတောင်းပေးခဲ့ပါတယ်။အ‌ကြာင်းအရင်းကတော့သခင်ဘုရားသည်ကောင်းကင်ဘုံသို့မတက်ကြွမည် သူ့ရဲ့ တပည်းတော်ကြီးတွေမှတဆင့်တည်ထောင်မည့်သူ့ရဲ့ အသင်းတော်သည် မိမိနှင့်ခမည်းတော်ဘုရားသည် ချစ်ခြင်းမေတ္တာတော်၌ တလုံးတစ်ဝတည်းရှိသကဲ့သို့သူ့၏နောက်လိုက်တမန်တော်ကြီးများနှင့် သူတို့ရဲ့ဟော‌ပြောမှုများကိုသက်ဝင်ယုံကြည်လာမည်သူများအားလုံး သူ့ရဲ့နာမတော်မြတ်၌ တစ်လုံးတစ်ဝတည်းရှိစေရန်အတွက်အထူးဆုတောင်းပေးခဲ့ခြင်းဖြစ်သည်။ ဘုရားဖြစ်လင့်ကစား သခင်ဘုရားဟာတန်ခိုးအာနုဘော်ပြလုပ်ပြီး အခါတိုင်းတိတ်ဆိတ်သောအရပ်တွင် ဤကဲ့သို့ဆုတောင်းခြင်းမျိုးကိုကျမ်းစာတော်ြမတ်တွင်ရံဖန်ရံခါတွေရလေ့ရှိပါသည်။အကြောင်းကတော့ ဆုတောင်းခြင်းသည်မည်မျှလောက်အရေးပါ‌‌ကြောင်းကို သင်ကြားပေးစေလိုခြင်းဖြစ်သည်။ ရှင်လုကာအခန်းကြီး (၂၀း၃၁-၃၂)တွင် သခင်ဘုရားကတပည့်တော်ကြီးပေတရုရဲ့ ယုံကြည်ခြင်းတည်တံခိုင်မာစေရန်ဆုတောင်းပေးခဲ့ပြန်သည်။ ဤကဲ့သို့ ဆုတောင်းပေးခြင်းကိုကြည့်ခြင်းအားဖြင့်သခင်ဘုရားဤလောကတွင် ပေတရုမှစပြီးတည်ထောင်မည့် မိမိ၏အသင်းတော်သည် စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးနှင့် နတ်ဆိုး၏ကျော့ကွင်းမှလွတ်‌‌မြောက် စေရန်အဖို့နှင့် အဓမ္မတရားကိုကျော်လွှားအောင်မြင်နိုင်ရန် အလို့ငှာသခင် ဘုးရားဟာ သူ့ရဲ့နောက်လိုက်များအားလုံးအဖို့ဘုရား၏ဉာဏ်တော်နှင့် ကြိုတင်ဆုတောင်းပေးခဲ့ပါသည်။ ထိုကဲ့သို့သောသခင်ဘုးရား၏ဆုတောင်ပေးခြင်းဖြင့်မိမိ၏ အသင်းတော်ကြီးသည်စုံစမ်းနှောင့်ယှက်ခြင်း အမျိုးမျိုးအကြား၌ ယနေ့ထိတိုင်အောင်မားမားမတ်မတ်ရပ်တည်လျက်ရှိနေနိုင်သည်။ မားသာရ်ထရေးဇာဟာ ဆုတောင်းခြင်း၏ အရေးကြီးပုံကိုဤကဲ့သို့ပြောခဲ့သည်“ အတူတစ်ကွဆုတောင်းသော မိသားစုသည် အတူတကွအမြဲအတူရှိသည်”။ဆက်လက်ပြီးမားသာရ်ထရေးဇာ ကလူသားတွေဆုတောင်းခြင်း ကို ဧကန်အမှန် လိုအပ်ကြောင်းကို အင်တာဗျူး တစ်ခုတွင်သူမအတိအလင်းဆိုခဲ့ပါသည်။ အဘယ်ကြောင့်ဆိုတော် ဆုတောင်းမေတ္တာ၏တန်ခိုးစွမ်းအားသည် ကျွန်ုပ်တို့၏ အတွင်းစိတ်နှင့်မမြင်နိုင်သော အရာတွေကို ‌ပြောင်းလဲစေနိုင်တဲ့စွမ်းအားရှိပါသည်။ ထို့ကြောင်းကျွန်ုပ်တို့သည်လည်း တစ်ဦးအဖို့တစ်ဦးဆုတောင်းအပြန်အလှန် ဆုတောင်းပေးကြရန် အထူးအရေးကြီးလှပေသည်။ အထူးတစ်ဖြင့် ယနေ့ခေတ် အခါသမယတွင် စစ်‌ဘေး၊ မီးဘေး၊ ရေဘေး နှင့် ငတ်မှုခေါင်းပါးခြင်း အတိဒုက္ခရောက်နေကြသော ညီအစ်ကိုမောင်နှမအတွက် အထူးဆုတောင်းပေးသင့်ပါသည်။ ဤကဲ့သို့သော အပြန်အလှန်မေတ္တတရားထားပြီးဆုတောင်းပေးခြင်းကိုသခင်ဘုရား ဧကန်နှစ်သက်မည်မှာ အသေအချာပေဖြစ်ပါသည်။ ယနေ့ခေတ်လူများစွာကဲ့သို့ ဆုတောင်းခြင်းကိုအပိုအလုပ်ဟုမှတ်ယူကာလျစ်လျှူရှုမထားသင့်ပါဘဲသခင်ဘုရား၏ နောက်လိုက်သားကောင်းပိပိယုံကြည်သူဘာသာဝင်များအားလုံး မလျော့သောဇွဲနှင့် အတူတကွဆက်လက်ဆုတောင်းကြပါစို.။

Daily Reflection