Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-05-15 22:33:33

17.5.2024 - 7th Week of Easter, Friday
မေလ ၁၇  ရက်၊ ၂ ၀၂၄၊ ပါစကားကာလသတ္တမပတ် သောကြာနေ့၊
ရှင်ယောဟန် ဧဝံဂလိကျမ်း (၂၁: ၁၅-၁၉) - John 21:15-19
Reflection by Bro. Innocence Han Zaw, O.P
Posted by Sr. Benedetta Myat Hnin Nwe,ISR

ထောက်ရှုချက်==ယနေ့ ဧဝံဂလိကျမ်းကို ဖတ်ရှုကြည့်တဲ့အခါ ကျွန်ုပ်တို့အားလုံး သတိထားမိတဲ့စာကြောင်းလေးတစ်ကြောင်းပါ ပါတယ်။ ကျမ်းပိုဒ်ထဲမှာအဲဒီစာကြောင်းလေးကို ၃ ကြိမ်တိုင်တိုင်တွေ့ရပါတယ်။ အဲဒီစာကြောင်းလေးကတော့ ခရစ်တော်ရှင်ကနေ စီမွန်ပေတရုကို မေးခဲ့တဲ့;ငါ့ကို ချစ်သလောဆိုတဲ့ ရိုးရှင်းတဲ့မေးခွန်းလေးပဲဖြစ်တယ်။ ဒီရိုးရှင်းတဲ့မေးခွန်းလေးကနေကျွန်ပ်တို့ရဲ့ ဝိညာဉ်အသက်တာကို ဘယ်လိုအကျိုးရှိစေမလဲ ဆိုတာကို အနည်းငယ်မျှထောက်ရှုကြည့်ကြရအောင်။သခင်ခရစ်တော်ဟာ ငါ့ကို ချစ်သလော ဆိုတဲ့ မေးခွန်းကို ၃ ကြိမ်တိတိမေးခဲ့ပါတယ်။ ဒီလိုမေးတယ်ဆိုတာ ပေတရုအပေါ်မှာ ယုံမှားသံသယစိတ်နဲ့မေးတာ မဟုတ်ပါဘူး။ ပေတရုအရင် က ၃ ကြိမ်တိုင်တိုင်ငြင်းပယ်ခဲ့ဖူးလို့ စွပ်စွဲပြောဆိုဖို့အတွက် မေးတဲ့မေးခွန်းလည်း မဟုတ်ပါဘူး။ ဒီမေးခွန်းကသခင်ခရစ်တော်ရဲ့ ဖိတ်ခေါ်ခြင်းကိုဖော်ပြနေပါတယ်။ သခင်ခရစ်တော်ဟာဒီမေးခွန်းအားဖြင့် သူနဲ့ ပေတရု အသစ်တဖန် မိတ်သဟာယဖွဲ့ဖို့လမ်းဖွင့်ပေးခြင်းဖြစ်ပါတယ်။ ပေတရုဟာ အရင်က ၃ကြိမ်တိတိသခင်ယေဇူးကို မသိပါဘူးလို့ ငြင်းပယ်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ငါ့ကို ချစ်သလော ဆိုတဲ့ မေးခွန်းကို yesဟု ရဲရဲဝံ့ဝံ့ အဖြေပြန်ပေးကာသခင် ခရစ်တော်နဲ့ အသစ်တဖန်မိတ်သဟာယ ပြန်ဖွဲ့နိုင်ခဲ့ပါတယ်။ဒီအသစ်တဖန် မိတ်သဟာယဖွဲ့ခြင်းက yes ဆိုတဲ့ အဖြေတခုတည်းနဲ့ ပြီးမသွားပါဘူး။ တစ်ဆက်တည်းမှာပဲ သခင်ခရစ်တော်ဟာ ပေတရုကိုတပည့်တော်ကြီးတစ်ယောက်အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန် ဝတ္တရားတွေကို ပေးအပ်ခဲ့ပါတယ်။ သခင်ခရစ်တော်ဟာ သူ့ရဲ့သိုးစုကို စောင့်ရှောက်ဖို့ပေတရုကို အပ်နှင်းခဲ့တယ်။ သူ့ရဲ့အသင်းတော်ကို ဦးဆောင်ဖို့ခန့်အပ်ခဲ့တယ်။ကျွန်ုပ်တို့ရဲ့ အသက်တာကို ပြန်ဆန်းစစ်ကြည့်တဲ့အခါမှာ ပေတရုလိုပဲသခင်ခရစ်တော်ကို ငြင်းပယ်ခဲ့တဲ့ အချိန်တွေအများကြီး ရှိခဲ့ကြပါတယ်။ဒါပေမယ့် သတိပြုရမှာက သခင်ခရစ်တော်ဟာ ကျွန်ုပ်တို့ကိုအမြဲတမ်းပြန်လည် ဖိတ်ခေါ်နေပြီးချစ်ခြင်းမေတ္တာ၌ မိတ်သဟာရဖွဲ့ဖို့ အလိုရှိပါတယ်။ကျွန်ုပ်တို့ရဲ့ အတိတ်အမှားတွေကို အပြစ်မတင်ဘဲ သူနဲ့အတူ ပြန်လည်လျှောက်လှမ်းဖို့ ငါ့ကိုချစ်သလော ဆိုတဲ့မေးခွန်းကို အမြဲတမ်းမေးနေပါတယ်။ ပေတရုကဲ့သို့ပဲကျွန်ုပ်တို့ဘာသာဝင်အားလုံးကို သခင်ယေဇူးကသူ့ရဲ့ သိုးစုကိုစောင့်ရှောက်ဖို့အသင်းတော်မှာ ကျရာကဏ္ဍကနေပါဝင်ထမ်းဆောင်ဖို့တစ်ဦးနှင့်တစ်ဦးချစ်ခြင်းမေတ္တာပြဖို့နဲ့ အဓိကအချက်အနေနဲ့ သခင်ခရစ်တော်ရဲ့ကယ်တင်ခြင်းသတင်းကောင်းကို ဝေမျှသက်သေခံနိုင်ကြဖို့ ဖိတ်ခေါ်ခြင်းခံကြရတယ်ဆိုတာကို ဆင်ခြင်သတိရကြလျက် စစ်မှန်သောခရစ်ယာန်အသက်တာကို လျှောက်လှမ်းကြပါစို့။

Daily Reflection