Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-05-17 01:08:08

18.5.2024 - 7th Week of Easter, Saturday
မေလ ၁၈  ရက်၊ ၂ ၀၂၄၊ ပါစကားကာလသတ္တမပတ် စနေနေ့၊
ရှင်ယောဟန် ဧဝံဂလိကျမ်း ၂၁း ၂၀ - ၂၅   John 21:20-25
Reflection by Bro. Henery O.P
Posted by Sr. Benedetta Myat Hnin Nwe,ISR

ထောက်ရှုချက်....သေရဲ့ဖို့လိုသလို နေရဲဖို့ဟာလည်းသတ္တိ လို့ပြောကြပါတယ်။ ဒီကနေ့ ဖတ်ရှုရတဲ့နှုတ်တော်ထွက်စကားက သခင်ခရစ်တော်ရဲ့အချစ်ဆုံးတပည့်တော်ကြီး ရှင်ယောဟန်ရဲ့အကြောင်းလေးဖြစ်ပါတယ်။ ရှင်ပေတရုကတော့သခင်ခရစ်တော်ကိုယ်တိုင် ခန့်အပ်ထားသော ခေါင်းဆောင်ဖြစ်ပြီး ရှင်ယောဟန်နဲ့ ပတ်သက်တဲ့သေခြင်း ရှင်ခြင်းကို ရှင်းလင်းစွာသိရှိရဖို့ သခင်ခရစ်တော်ထံမေးလျှောက်ခဲ့ပါတယ်။ သခင်ခရစ်တော်ကတော့ သေခြင်း ရှင်ခြင်းဟာ ဘုရားရဲ့အလုပ်ဘုရားရဲ့အလိုတော်ကို သာဝန်ခံဖို့ မိန့်ဆိုခဲ့ပါတယ်။တပည့်တော်ကြီး ရှင်ယောဟန်ရဲ့ဘဝနောက်ဆုံးနေဝင်ချိန်ဟာတပည့်တော်ကြီးများလိုဓမ္မအာဇာနည်အဖြစ်တရားတော်အတွက် အသက်မပေးခဲ့ရဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့သူ့ရဲ့အသက်ရှင်နေခဲ့ရတဲ့ အခိုက်အတန့်ဟာ တရားတော်အတွက်ပဲဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီနေ့ရဲ့ပွဲနေ့ရှင်ဖြစ်တဲ့ ပုပ်ရဟန်းမင်း ကြီး ပထမမြောက်ယောဟန်ဘဝဟာလည်း ထောက်ရှုစရာပါ။ ၆-ရာစုမှာ အသင်းတော်ကို ဦးဆောင်ပဲ့ကိုင်ခဲ့ရတဲ့ကိုယ်တော်ဟာ တရားတော်ကြောင့်ထောင်ချခြင်းခံခဲ့ရပြီးအစာငတ်မွတ်မှုကြောင့်အသက်ပေးခဲ့ရပါတယ်။ ဤသူတော်သူမြတ်များရဲ့အတုယူစရာဘဝများအားဖြင့် ကျွန်ုပ်တို့ရဲ့ဘဝဟာလည်း ဘယ်လိုအသက်ရှင်နေထိုင်မလဲလို့ ထောက်ရှုမိပါတယ်။

Daily Reflection