19.5.2024 – Pentecost – Solemnity Sunday
မေလ ၁၉ ရက်၊ ၂၀၂၄၊ သန့်ရှင်းသော ဝိညာဥ်တော်ဘုရား ဆင်းကြွလာ သည့်
ရှင်ယောဟန် ဧဝံဂလိကျမ်း ...၂၀း ၁၉ - ၂၃- John 20:19-23
Reflection by Bro. Xaverio Bo Bo O.P
Posted by Sr. Benedetta Myat Hnin Nwe,ISR
ထောက်ရှုချက်.....ချစ်လှစွာသောဓမ္မမိတ်ဆွေအပေါင်းတို့ဤယနေ့အသင်းတော်ကြီးသည်တပည့်တော်ကြီး အပေါ်သို့သန်းရှင်းသောဝိညာဥ်တော်ဘုရားဆင်းကြွသောပွဲ(Pentecost Sunday)သို့မဟုတ် အသင်းတော်စတင်မွေးဖွားသောနှစ်ပွဲမစ်ရှင်တနင်္ဂနွေ(Mission Sunday) ဟူ၍ဖြစ်လည်း ဆိုလို့ရပါသည်။ အဘယ်ကြောင့်ဆိုတော် သခင်ဘုရားသည် မယ်တော်မာရိယာအပါအဝင်တမန်တော်ကြီးများ အတူတကွစည်းရုံးရာ အရပ်သို့ကြွရောက်လာပြီး “သင်တို့၌ ငြမ်းချမ်းသာယာခြင်းရှိစေတတည်း။ ငါခမည်းတော်သည် ငါ့ကိုစွေလွှတ်သကဲ့သို့ ငါသသည်လည်း သင်တို့ကို စေလွှတ်၏”(ယောဟန်း၂၀-၂၁) ဟုဆိုကာ သူ့၏ ဝိဉာဥ်တော်ကို တပည့်တော်ကြီး အပေါ်သို့ မှုတ်သွင်းတော်မူလျက်သူတို့၏ အတွင်းစိတ်၌ငြမ်းချမ်းသာယာခြင်းရှိစေရန်နှုတ်ခွမ်းဆက်သခဲ့သည်။ထို့နောက်ကိုတော်သည်သူ၏တပည့်တော်များအားကမ္ဘာအရပ်ရပ်သွားကြ၍ မိမိ၏နာမတော်မြတ်၌ ဆေးကြောခြင်းမဂ်လာပေးခြင်း၊ ဧဝံကေလိသတင်းကောင်းအား ဟောကြားသွန်သင်ခြင်း၊အပြစ်များအားဖြေလွှတ်ခြင်းတို့ကိုအစဥ်ဆက်မပြတ်ပြုလုပ်သက်သေခံကြရန်ပဉာဏ်တော်ထားမိန့်ကြားခဲ့ပါသည်။ထို့ကြောင့်ပင်လျင်ကျမ်းစာပညာရှင်များကဘုရားသခင်သည်ပထမဆုံးသာသနာပြုသူဖြစ်သည်ဟုတင်စာခေါ်ဆိုကြသည်။သခင်ဘုရား၏ဝိဉာဥ်တော်နှင့်ငြိမ်သက်ခြင်းကိုခံယူရရှိခဲ့ကြသောတပည်တော်ကြီးများသည်ထိုအချိန်မှစပြီးသခင်ဘုရားပြီးနောက်ပထမဦဆုံးသောသာသာနာပြုသူများဖြစ်လာကြသည်။တပည်တော်ကြီးများ၏ယုံကြည်ခြင်းခိုင်မာမှု၊တရားတော်အတွက်စိတ်ဓာတ်ပြင်းမှုနောက်ဆုံးတွင်မိမိတို့၏အသက်ကိုပါစွန့်လွှတ်ပေးဆပ်သက်သေခံပေးခဲ့မှုတို့ကြောင့်သခင်ဘုရား၏ အသင်းတော်ကြီးသည် တစ်ဝမ်းလုံးပြန့်ပွားလာခဲ့ပါသည်။ ထို့ကြောင့်ဤသို့ပေးဆပ်ခဲ့မှုကို အမှတ်ရသောအားဖြင့်ကမ္ဘာ့နေရာအသီးသီးတွေ သာသာနာပြနေကြသူများအဖို့ကျွန်ုပ်တို့အထူးသတိရဆုတောင်းပေးအပ်ပါသည်။အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ယနေ့ သက်ဝင်နေသော Roman Catholic ကက်သလစ်အသင်းတော်ကြီးသည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သောအသင်းတော် (Universal Church) ဖြစ်သည်သည့်အားလျော်စွာကမ္ဘာအစွန်းထိတိုင်အောင် သာသနာပြခြင်းသည် အသင်းတော်၏ ထင်ရှားသောအမှတ်လက္ခာဖြစ်လာခဲ့သည်။ကျွန်ုပ်တို့တွေအားလုံးသာသနာပြုများ၏ပေးဆပ်မှုကြောင့်အသင်းတော်ကြီး၏တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ကြသည်။ထို့ကြောင့်ဆေးကြောခြင်းမင်္ဂလာခံယူရရှိပြီးသောခရစ်တော်ဘုရား၏နောက်လိုက်ခရစ်ယာန်များအားလုံးတပည့်တော်ကြီးများကဲ့သို့ဧဝံကေလိသတင်းကောင်းကိုဟောပြောသက်သေခံရန်အမြဲဖိတ်ခေါ်လျက်နေပါသည်။ထိုကဲ့သို့သတင်းကောင်းကို ဟောပြောသက်သေခံနိုင်ရန်အတွက်ကျွန်ုပ်တို့သည် ပညာတတ်များ၊ဘုန်းကြီးရဟန်းများ၊သီလရှင်စစ္စများ၊ဘရားတာ(လ်)များနှင့်ဓမ္မဆရာ/ဆရာမများဖြစ်ကြရမည်ဟူသောအတွေး၊အယူအဆများသည်လုံးဝမမှန်ကန်သော၊လွှဲမှားနေသောအယူအဆများသာဖြစ်ပါသည်။ဘုန်းတော်ကြီးတရားတော်များတွင် ကျွန်ုပ်မကြာခနကြားရသောစာကြောင်းလေးတွင်“တရားဟောခြင်းတွင် အမွန်မြတ်ဆုံး နှင့် အကောင်းဆုံးတရားဟောကြားနည်းသည် သခင်ဘုရား၏ ပဉာဏ်တော်များ နှင့် တရားတော်မြတ်ကို မိမိတို့၏နေ့စဥ်ဘဝအသက်တာတွင် ရိုးရှင်းစွာလိုက်နာကျင့်ကြံနေထိုင်ခြင်းသည်သာ အကောင်းဆုံး၊အမြတ်ဆုံးသောတရားတော်ကိုဟောကြားသက်သေခံခြင်းဖြစ်သည်”ဟူ၍ဖြစ်သည်။ဤကဲ့သောတရားဟောခြင်းမျိုးကိုယုံကြည်သူကျွန်ုပ်တို့တစ်ဦချင်းစီလက်တွေ့ကျင့်ကြံလုပ်ဆောင်နိုင်သကဲ့သို့ဤသို့ စောင့်ထိန်းကျင့်ကြံခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ အမှောင်တွင် ထွန်းလင်းသော အလင်းတန်းကဲ့သို့ မယုံကြည်သူများအလည်တွင် ကျွန်ုပ်တို့ဟာသခင်ဘုရား၏တရားတော်မြတ်ကို အကောင်းဆုံးသက်သေခံနိုင်ကြပေမည်။ ဤကဲ့သို့သောသခင်ဘုရား၏နောက်လိုက်သားကောင်းများ၊မိမိတို့၏ဘဝအသက်သာဖြင့်တရားဟောကြားသူများဖြစ်စေရန်အတွက်ကျွန်ုပ်တို့၏လွှဲမှားနေသောအတွေးအခေါ်၊အပြုအမူ၊အကြံအစဥ်များနှင့်နေထိုင်မှုပုံစုံများကိုပြန်လည်စမ်းစစ်ကာသခင်ဘုရား၏တရားတော်အတိုင်းကြတ်မတ်ဖြောင့်တန်းစေပြီးကျွန်ုပ်တို့၏ဘဝအသက်သာကိုတစ်နေ့တစ်ခြား သာ၍ကောင်းလာစေရန် ဆက်လက်ပြီး အတူတကွကြိုးစားကြပါစို့။