1.6.2024 – Saturday of Week 8, St. Justine
ဇွန်လ ၁ ရက်၊ ၂၀၂၄၊ သာမန်ကာလ အဠမမြောက်ရက်သတ္တပတ် စနေနေ့
ရှင်မာကု ၁၁း ၂၇-၃၃- Mark 11:27-33
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR
ခရစ်တော်၏နာမတော်၌ ယုံကြည်သူချစ်လှစွာသော ညီအကိုမောင်နှမအပေါင်း တို့ယနေ့ ခရစ်တော်သခင်၏အသက်ပေးသောနှုတ်တော်ထွက်စကားအားဖြင့်၀ိညာဥ်ခွန်အားရစေဖို့ ထောက်ရှုစဥ်းစားကြပါစို့။ခရစ်တော်မြတ်ဘုရားရှင်၏ကြီးမြတ်ခြင်းအပေါ်မှာ သံသယသက်၀င်ခြင်းဟာ ကျွန်ုပ်တို့နဲ့ ခရစ်တော်မြတ်ဘုရားရှင်ကြားရှိတဲ့ ချစ်မေတ္တာနှောင်ဖွဲ့ကြိုးတွေကို လျော့နည်းသွားစေပါတယ်။ယနေ့အသက်ပေးနှုတ်တော်ထွက်စကားမှာ ခရစ်တော်ဘုရားမြတ်ရှင်၏ ဘုန်းဂုဏ်တော်ကို လျှော့ချစေလိုတဲ့ လူတစ်စုတို့က သင်သည်မည်သည့် အာဏာစက်ကို အသုံးပြု၍ ကျွန်ုပ်တို့ကိုဟောပြောနေသလောဟု မေးမြန်းလေသည်ကို ခရစ်တော်ဘုရားမြတ်ရှင်က(Prudency)လိမ္မာပါးနပ်သော မေးခွန်းတို့ဖြင့် ထိုသူတို့အား အခက်တွေ့စေခဲ့သည်။ကျွန်ုပ်တို့၏ ၀ိညာဥ်ရေးဘ၀အသက်သာတွင်လဲစေတန်မာန်နတ်၏ စွဲဆောင်မှုအားဖြင့်လည်းကောင်း၊ ခရစ်တော်ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ထိခိုက်စေလိုတဲ့ နှောက်ယှက်ခြင်း၊ယုံမှားသံသယ၀င်လာချိန်မှာ ခရစ်တော်သခင်နည်းတူလိမ္မာပါးနပ်စွာ ကျော်ဖြတ်အောင်မြင်နိုင်ဖို့ ကြိုးပမ်းအားထုတ်ရမည်သာဖြစ်ပါတယ်။အဘယ်ကြောင့်ဆိုသော်ဤယနေ့ အမိအသင်းတော်နှင့်အတူ မိမိတို့အောင်းမေ့သတိရကျင်းပနေကြသော ဓမ္မအာဇာနည် ရှင်ဂျစတင်းသည် မိမိယုံကြည်ခြင်းအတွက် မိမိ၏ အသက်ကို ပေးရန်အဆင်သင့်ရှိနေခဲ့လို့ဘဲ ဖြစ်ပါတယ်။သူသည် ခရစ်တော်တည်းဟူသောအမှန်တရား၊ချစ်ခြင်းမေတ္တာ၊လိမ္မာပါးနပ်မှုတို့ကို အတုယူဆုတောင်းလိုက်ကြည့်ရမည်ဖြစ်ပါသည်။ခရစ်တော်မြတ်ဘုရားရှင်သာလျှင် အရာအားလုံးကို တတ်စွမ်းနိုင်သူ ဖြစ်သည့်အလျှောက် (Centre of lives) ကျွန်ုပ်တို့ဘ၀၏မှီခိုအားထားရာ အထက်ကောင်းကင်၌ ကိန်း၀ပ်စံပယ်နေတော်မူသောခရစ်တော်ဘုရားရှင်အား ကျွန်ုပ်တို့၏ဘ၀တစ်ခုလုံးကို အပ်နှံပူဇော်နိုင်ဖို့ နှင့် သုံးပါးတစ်ဆူ တမူထူးခြားစွာ တည်ရှိနေသော ဘုရားမြတ်ရှင်အား ယုံမှားသံသယသက်၀င်ခြင်းမှ ကင်းလွတ်ခွင့်ပေးရန် ဆက်လက်ဆုတောင်းကြပါစို့။