Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-02-13 23:04:26

15.2.2024 - Thursday after Ash Wednesday
၂၀၂၄ ခုနှစ်  ဖေဖေါ်ဝါရီလ၊ ၁၅ ရက်- ဝါဝင်ပြီးနောက် ကြာသပတေးနေ့
Luke 9:22-25 ရှင်လုကာ ၉:၂၂-၂၅
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

တရား ၃၀:၁၅-၂၀။ လုကာ ၉:၂၂-၂၅ဒီနေ့ သခင်ဘုရားရဲ့ဖိတ်ခေါ်သံမှာ အချက်သုံးချက်ကိုတွေ့ရပါတယ်။မိမိကိုယ်ကိုငြင်းပယ်ရန်၊လက်ဝါးကားတိုင်ထမ်းရန် နဲ့နေ့စဉ်ကျင့်ရန်တို့ဖြစ်ပါတယ်။အာရုံငါးပါးညွတ်နူးစရာဆွဲဆောင်မှုတွေများလှတဲ့ယနေ့ခေတ်ကြီးထဲမှာ ဒီအချက်ဟာကြီးမားတဲ့စိမ်ခေါ်သံဖြစ်ပါတယ်။လက်ဝါးကားတိုင်ဆိုတာကတော့ကိုယ်နဲ့မဆိုင်တဲ့ ဒုက္ခကို မေတ္တာနဲ့ မျှဝေထမ်းယူခြင်းဖြစ်ပါတယ်။ကိုယ့်အပြစ်ကိုတောင် သူတစ်ပါးအပေါ်လွှဲချတတ်ကြတာမို့ကိုယ့်အပြစ်ကိုယ် ခံရဲတဲ့သူ နည်းပါတယ်။ကိုယ့်အပြစ်မဟုတ်ဘဲ သူတစ်ပါးအပြစ်အတွက် ကြားဝင်ခံပေးရဲသူကတော့ ပိုလို့နည်းမှာပေါ့။ ဒါဟာလက်ဝါးကားတိုင်ပါပဲ။သခင်ဘုရားကသူ့နောက်လိုက်ချင်ရင် ဒီကျင့်စဉ်နှစ်ခုကို နေ့စဉ်နေ့တိုင်းကျင့်ရမယ်တဲ့။ စိတ်ပါတဲ့နေ့လုပ်ပြီးစိတ်မပါတဲ့နေ့ပစ်ထားလို့မရပါဘူး။ အချိန်ပိုင်းခရစ်ယာန်မဟုတ်ဘဲအချိန်တိုင်းခရစ်ယာန်ဖြစ်ဖို့ ဖိတ်ခေါ်နေပါတယ်။

 

Daily Reflection