17.2.2024 - Saturday after Ash Wednesday
၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ၊ ၁၇ ရက်- ဝါဝင်ပြီးနောက် စနေနေ့
Luke 5:27-32 - ရှင်လုကာ ၅:၂၇-၃၂
Gospel Refle- ction By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ဟေရှာယ ၅၈:၉ခ-၁၄။ လုကာ ၅:၂၇-၃၂ဒီနေ့ဧဝံဂေလိကျမ်းမှာ ဖိတ်ခေါ်သူနဲ့အခေါ်ခံရသူ၊ကန့်ကွက်သူနဲ့ ထောက်ခံသူတွေကိုတွေ့ရပါတယ်။အခေါ်ခံရတဲ့ လေဝီဟာငွေတွေ ဆုံးရှုံးသွားပေမယ့် စိတ်ချမ်းသာမှုကို ရခဲ့ပါတယ်၊သူ့နောက်လိုက်တဲ့သူတွေကိုချန်ထားခဲ့ရပေမယ့် သူကိုယ်တိုင်က နောက်လိုက်ကောင်းတစ်ယောက် ဖြစ်သွားပါတယ်။ အသက်မွေးဝမ်းကျောင်း အလုပ်ပြုတ်သွားပေမယ့် ဝိညာဉ်ရေးအလုပ်သစ်ပြန်ရခဲ့ပါတယ်။ အတိတ်ဟောင်းကို စွန့်ရပေမယ့်အနာဂတ်ဦးတည်ချက်ရှိလာပါတယ်။ကျွန်ုပ်တို့တစ်ဦးစီကိုလည်း သခင်ဘုရားဖိတ်ခေါ်နေပါတယ်။ကိုယ့်ကိုယ်ကိုကန့်ကွက်မိသူမဖြစ်အောင်သတိရှိဖို့တော့ လိုပါတယ်။