3.6.2024 – Monday of Week 9; St.Charles Lwanga and Companions
ဇွန်လ ၃ ရက်၊ ၂၀၂၄၊ ၉ ကြိမ်မြောက်သာမန် တနင်္လာနေ့
ရှင်မာကု ၁၂း၁-၁၂- (Mark12:1-12)
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR
ဤယနေ့ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းအားဖြင့် ကျေးဇူးကိုကျေးဇူးလို့သိတတ်ခြင်းဟာ ပျော်ရွှင်တဲ့ဘ၀အသက်သာရရှိဖို့ အလွန်အရေးပါကြောင်း သခင်ခရစ်တော်က ဒီယနေ့မှာကျွန်ုပ်တို့ကို ပုံဥပမာနဲ့သွန်သင်နေတယ်။ တနေ့ စပျစ်ဥယျာဥ်ပိုင်ရှင်ကခြံအငှားထံသို့ ဥယျာဥ်ကိုအပ်နှံပြီးအခြားဒေသတစ်နေရာသို့ ခရီးထွက်သွားလေတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အကြာခြံငှားရမ်းသူတွေက အသီးအပွင့်ရရှိလာချိန် လောဘစိတ်တွေက သူတို့ရဲ့အမြင်မှန်ကို ဖုံးကွယ်သွားစေတယ်။ ဒါတွေမကဘဲ ဥယျာဥ်ပိုင်ရှင်ကိုလည်းဒုက္ခမျိုးစုံနဲ့ စိတ်ရှုတ်စေခဲ့တယ်။‘’မကောင်းသူထံ၊မကောင်းကံ’’ဆိုရိုးလို စပျစ်ဥယျာဥ်ငှားရမ်းသူတွေ အသီးအပွင့်များဝေဝေဆာဆာရှိနေတဲ့ဤဥယျာဥ်မှ ထွက်သွားရလေတယ်။ သို့ဖြစ်၍ ကျွန်ုပ်တို့ဘ၀ကို ဤပုံဥပမာနှင့် ယှဉ်တွဲကြည့်ရင်း ကျွန်ုပ်တို့ကို အစဥ်အမြဲ ကြည့်ရှုသောဘုရား၊ တစ်ယောက်ထဲအထီးကျန်ချိန် အစဥ်အမြဲခွန်အားပေးသော ဘုရား၊ သူ့ရဲ့ကောင်းမြတ်ခြင်းနဲ့ ကျွန်ုပ်တို့ဘ၀ကို ရွှင်လန်းစေတဲ့ဘုရားကို ကျေးဇူးတင်ရင်း ဘ၀ကိုအားပါးတရ ခရစ်တော်နှင့်ပေါင်းစပ်အသက်သာ ရရှိဖို့ ကျေးဇူးတော်ကိုတောင်ခံကြပါစို့။