Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-06-06 09:49:37

7.6.2024 – Friday of Week 9; Solemnity of the Most Sacred Heart of Jesus
အလွန်သန့်ရှင်းစင်ကြယ်တော်မူသော သခင်ယေဇူး၏ ရွှေနှလုံးတော်ပွံနေ့
ဇွန်လ  ၇ ရက်၊ ၂၀၂၄၊ ၉ ကြိမ်မြောက်သာမန် (သောကြာနေ့)
ရှင်မာကု ၁၂း ၃၆-၃၇ , ရှင်ယောဟန် ၁၉ဂ၃၁- ၃၇ Mk:12 36-37--John.19;31-37
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR

အပြုသဘော မဆောင်သော လူတစုမင်ရှင်းများ၏ သခင်ခရစ်တော်အပေါ်မှာထားရှိသော စိတ်နေစိတ်ထားကို အတိုင်းသားသိမြင်စေပါသည်။ ကျမ်းစာတော်မြတ်၌ ဤလူအစုသည် သခင်ခရစ်တော်ကို အခက်တွေ့စေသော မေးခွန်းများဖြင့်စုံစမ်းလိုသောကြောင့် သခင်ခရစ်တော်ကို သားဖြစ်သူအဖြစ်လက်ခံထားကြတာကို သခင်ခရစ်တော်၏ လှပသော တုံ့ပြန်ရှင်းလင်းချက်ဖြစ်ပါသည်။ ဆာလံ(၁၁၁) ကိုးကား သူသည်ဘုရား၏ သားတော်ဒါဝိတ်၏သား ဆိုသူထက် ကြီးမြတ်မှုသူသည်သာအစ္စရာရဲ့လူမျိုးတို့အတွက်ကြွလာမည့် မက်စီးရာအမှန် ဖြစ်တယ်ဆိုတာ ကိုသွန်သင်ထောက်ပြခဲ့ပါတယ်။ဤကျမ်းချက်ကို ထောက်ရှုခြင်းဖြင့် ကျွန်ုပ်တို့ဘဝတွင်လည်း ပြစ်တင်ဝေဖန်မှု၊ ကဲ့ရဲ့ရှုတ်ချမှု၊ နှိမ့်ချစွာဆက်ဆံခံရမှု တွေမလွဲမသွေရှိနေမှာဖြစ်သလိုအခါရှောင်ဖယ်၍နေနိုင်ရန်လည်းမတက်နိုင်ပါ။သူသည်လည်း သူ့ဘဝ၌အခက်တွေ့စေသော ဝေဖန်မှုတို့အတွက်မတွေးဝေသကဲ့သို့ မိမိလုပ်ရမည့် ပြောရမည့် ထောက်ပြရမည့် တပ်မက်ပေးရမည့် အရာများကို အကောင်းဆုံးလုပ်ဆောင်ခဲ့သလို မိမိတို့သည်လည်း မိမိတို့၏ခရစ်တော်ပေါ်ထားရှိတဲ့ ယုံကြည်ခြင်းအမှန်တရားတို့အတွက် ဝေဖန်မှုအမျိုးမျိုးကို လက်ခံဖြေရှင်းနိုင်သော ခွန်အားကိုတောင်းခံကြပါစို့။

Daily Reflection