Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-06-08 03:28:15
8.6.2024 - Saturday of Week 9;
ဇွန်လ ၈ ရက်၊ ၂၀၂၄၊ ၉ ကြိမ်မြောက်သာမန် စနေနေ့
The Immaculate heart of Mary memorial
အလွန်သန့်ရှင်းစင်ကြယ်သော နှလုံးတော်၏ပွဲတော်
ရှင် လုကာ ၂း၄၁-၅၁ -Luke 2: 41-51
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR

ယနေ့ အမိအသင်းတော်ဟာ မယ်တော်သခင်မ၏ အလွန်သန့်ရှင်းစင်ကြယ်သော နှလုံးတော်၏ပွဲတော်ကိုကျင်းပနေပါတယ်။ သားတော်သခင်ခရစ်တော်၏ ရွှေနှလုံးတော်နှင့် မယ်တော်သခင်မ၏ နှလုံးတော်သည် ခွဲခြား၍မရသော ချစ်ခြင်းမေတ္တာ၏ ပေါင်းစည်းမှုဖြစ်တယ်။မယ်တော် သခင်မသည် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန်၊ ဘုရားသခင်၏ ကယ်တင်ခြင်း စီမံကိန်းအတွက် မိမိ၏နှစ်လုံး၌ဖြစ်ပေါ် ခံစားခဲ့ရသော ဒဏ်ရာဒဏ်ချက်များကို မိမိနှလုံးသား၌ သိမ်းဆည်းကာ ထောက်ရှုစဉ်းစားနေသူပါ။ဤယနေ့အသက်ပေးသော နှုတ်ကပတ်တော်၌လည်း အမိမယ်တော်ဟာ‌‌ ပျောက်သွားသောမိမိနှလုံးသား၊ သခင်ခရစ်တော်ကို ရှာဖွေရင်းနဲ့ ပူဆွေးသောက ရောက်ခဲ့ရတာကို ရှင်းလင်းစွာဖော်ပြထားတာကို ကြည့်ခြင်းဖြင့် အမေနဲ့သား၊ မယ်တော်နဲ့သခင်ခရစ်တော်၊ အမေ့နှလုံးသားနှင့် သားတော်၏ရွှေနှလုံးတော်သည် ခွဲကြည့်လို့မရတဲ့ အနှိုင်းမဲ့ချစ်ခြင်းပဲဖြစ်တယ်ဆိုတာကို ဖော်ပြနေခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သားတော်သခင်ခရစ်တော်သည် ကယ်တင်ခြင်း၏ လက်ဝါးကတိုင်ကို မိမိ၏ပခုံးဖြင့် ထိုင်းရွက်ခဲ့ပေမယ့် အမိမယ်တော်သည် ထိုလက်ဝါးကတိုင်ကို မိမိနှလုံးသားနဲ့ ခံထမ်းခဲ့ရသူဖြစ်ပါတယ်။ဒီအချက်ကိုကြည့်ခြင်းဖြင့် မယ်တော်သခင်မသည် ဘုရားသခင်၏ကယ်တင်ခြင်းစီမံကိန်း၌ သားတော်သခင်ခရစ်တော်အတွက် အတားအဆီးမဖြစ်ခဲ့သည့်အပြင် ထိုသားတော်၏ခမည်းတော်အလိုတော်ကို ဆောင်ရွက်ခြင်း၌ ခွန်အားအဖြစ် ပါဝင်ပါဝင်ခဲ့သူပါ။ထို့ကြောင့် တို့ အားလုံးရဲ့ မိခင်မယ်တော်မာရိယာ မိမိတို့ရဲ့ဒုက္ခ၊ အခက်အခဲအတားစီးတွေကြားမှာ တို့အားလုံးကို ကူညီဖို့ရန် အမြဲရှာနေသော မိခင်အဖြစ် ရှိနေတယ်ဆိုတာကို သဘောပေါက်လက်ခံရင်း အမေ့မေတ္တာရင်ခွင်၌ခိုလှုံကြဖို့ကြိုးစားကြပါစို့။

Daily Reflection