Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-06-08 03:35:22

9.6.2024 - Sunday of Week 10;
ဇွန်လ ၉ ရက်၊ ၂၀၂၄၊ ၁၀ကြိမ်မြောက်တနင်္ဂနွေနေ့
ရှင်ယောဟန် ၁၉း၃၁-၃၇ ‌(Jn; 19:31-37)
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR

 အမြဲတမ်းနှလုံးသားရဲ့ အသံကိုနားထောင်ပါ။ ၎င်းဟာလူသားရဲ့ ဘယ်ဘက်အခြမ်းမှာရှိပေမယ့် အမြဲတမ်းအမှန်တရားကို ပြောပါတယ်။ ဒီနေ့ အမိအသင်းတော်ဟာ သခင်ခရစ်တော်၏ အလွန်စင်ကျယ်လှသောနှလုံးတော်ရဲ့ပွဲနေ့ ကိုကျင်းပနေပါတယ်။ ခရစ်တော်ရယ်လို့နှလုံးတော်ဟာ သူ့ရဲ့ အတိုင်းအဆမဲ့ ချစ်ခြင်းစတင် စီးဆင်းရာ ဗဟိုချက်မ ဖြစ်ပါတယ်။ ကျွန်ုပ်တို့လူသားများအပေါ်ထားတဲ့ သူ့ရဲ့ မဟာမေတ္တာကို မီးမောင်းထိုးပြရာနေရာလည်းဖြစ်ပါတယ်။ဤပွဲနေ့ကြီးမှာ သတိပေးထောက်ရှုစေတဲ့ အဓိက အချက် (၂) ချက် ဖြစ် တွန်အားပေးနေပါတယ်။(၁)ချက်- သူ့ရွှေပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံထားရတဲ့ ကျွန်ုပ်တိလူသားများဟာ  သခင်ခရစ်တော်၏အချစ်နှစ်လုံးမီးလျှံရဲ့ အကူအညီနဲ့ အမြဲတမ်း ကူးစက်လောင်ကျွမ်းတောက်လောင်နေစေဖို့။(၂)ချက်- ကျွန်ုပ်တို့၏ လူအတ္တ၊ လူမာနကြောင့် သူ့နှလုံးသားကို မြောက်များလှစွာသော ဒါဏ်ရာဒါချက်တွေ ထပ်မဖြစ်မိစေဖို့ သတိထား ဆင်ခြင်နေထိုင်ကြရန်ဖြစ်ပါတယ်။ခရစ်တော်ဟာ မိမိတို့လူသားများပေါ်ထားတဲ့ ချစ်ခြင်းအတွက်အရာအားလုံးကို ခံထမ်းရဲတယ်ဆိုတာကို သူ့ရဲ့မဟာရွှေနှလုံးတော်က သက်သေပြုနေသလို မိမိတို့သည်လည်း တစ်ပါးသူကြောင့် ခံထမ်းနေရတဲ့ ဒုက္ခဝေဒနာတွေကို ခံထမ်းလျှောက်လှမ်းဖို့ ခွန်အားမရှိ အင်အားချိနဲ့ နေပြီလား? နှလုံးသားရဲ့အသံကိုအမြဲနားစွင့်ပါ။၎င်းသည် ခရစ်တော်ကို မိမိရဲ့ ဘဝ အခက်အခဲ၊ အတားအဆီးတွေ၊ အမှောင်တွေကြားမှာ ဦးဆောင်လမ်းညွှန်သူအဖြစ် အမြဲလက်ခံရှင်သန်နေခြင်း ဖြစ်တယ်ဆိုတာကို ထောက်ရှုကြပါစို့။

Daily Reflection