12.06.24 – Wednesday of Week 10;
ဇွန်လ ၁၂ ရက်၊ ၂၀၂၄၊ ၁၀ ကြိမ်မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့
1st - 1kgs 18:20-39Gospel - Mt 5:17-19 ရှင်မာတေးဦး ၅း၁၇-၁၉
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR
ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမ ဘာသာတူအပေါင်းတို့....ဤယနေ့ ဧဝံဂလိနှုတ်ကပတ်တရားတော်၌ ခရစ်တော်သခင်က“ပညာတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကို ပယ်ဖျက်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက်ခြင်းငှာမဟုတ်။ ပြီးပြည့်စုံစေခြင်းငှာ ငါလာသတည်း။”(မာတေဦး ၅:၁၇)ဟု သူ့ရဲ့တောင်ပေါ်တရားတော်မှာ ဘုရားရှင်၏နှုတ်ကပတ်တော် အရေးကြီးလှပုံကို သင်ကြားပေးခဲ့ပါတယ်။ ပထမဦးစွာအသက်ပေးနှုတ်ကပတ်တော်သည် ကျွန်ုပ်တို့တစ်ဦးချင်းစီ၏ နေ့စဉ်ဘဝအသက်တာ၌ အလွန်အရေးပါသဖြင့် တန်ဖိုးထားသင့်ကြောင်းကို သင်ကြားပေးပါတယ်။ ဒုတိယအနေဖြင့် နှုတ်တော်ထွက်စကားများကိုလိုက်နာစောင့်ထိန်း ကျင့်ကြံတယ်ဆိုတာကျမ်းတတ်ဆရာများနှင့် ဖာရီဇေးဦးများနည်းတူ အပေါ်ယံလောက်လေးပဲ နားလည်ပြီး မျက်စိစုံမှိတ်ကာ လိုက်နာကျင့်ကြံခြင်းမျိုးမဟုတ်ဘဲ ရဟန္တာများကဲ့သို့ စစ်မှန်နက်ရှိုင်းသော အနက်အဓိပ္ပာယ်ကို ကောင်းမွန်စွာနားလည်သဘောပေါက်ပြီး ကျင့်ဆောက်တည်ခြင်းကို ဆိုလိုပါတယ်။ ဤသို့အားဖြင့် ခရစ်တော်ဘုရားရှင်သည် ဓမ္မဟောင်းကျမ်းများကို ပယ်ဖျက်ကျူးလွန်ခဲ့သည်မဟုတ်ဘဲ ဓမ္မသစ်ကျမ်းများဖြင့် ပြီးပြည့်စုံစေခဲ့သည်။ထို့ကြောင့် ကျွန်ုပ်တို့ ဖတ်ရှုကြားနာနေတဲ့ နှုတ်ကပတ်တော်များကိုမည်မျှလောက်တန်ဖိုးထားသိရှိနားလည်ဖို့ ကြိုးစားနေကြပါသလဲ။ ဖာရီဇေးဦးများနည်းတူအပေါ်ယံလောက်သာ နားလည်ခြင်းမျိုးကိုရှောင်ရှားပြီး၊ ရဟန္တများနည်းတူ စစ်မှန်သောအနက်အဓိပ္ပာယ်ကို နားလည်ကျင့်သုံးနိုင်ရန် ကျေးဇူးတော်များအတွက်ဆုတောင်းကြပါစို့။