Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-06-12 07:31:44

13.06.24 – Thursday of Week 10;(Memorial of St. Anthony of Padua)
ဇွန်လ ၁၃ ရက်၊ ၂၀၂၄၊ ၁၀ ကြိမ်မြောက်သာမန် ကြာသပတေးနေ့   
စိန့်အန်ထော်နီပွဲနေ့ - 1kgs 18:41-46
ရှင်မာတေးဦး ၅း၂၀-၂၆ ,Gospel - Mt 5:20-26
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR

ခရစ်တော်၌ ချစ်လှစွာသောညီအစ်ကိုမောင်နှမ ဘာသာတူ အပေါင်းတို့…..ယနေ့ ဧဝံဂလိကျမ်းစာတော်အားဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့အမြက်ဒေါသ မထွက်ဖို့ညီအစ်ကိုမောင်နှစ်များအချင်းချင်း သင့်တင့်မျှတစွာဖြင့်စိတ်နှိမ့်ချစွာ အသက်ရှင်ဖို့ ဖိတ်ခေါ်ပါတယ်။ လူသားများရဲ့ အမှန်တရားတစ်ခုကဘာလဲဆိုတော့ အချင်းချင်းတော့မချစ်နိုင်ဘူး၊ ခွင့်မလွှတ်နိုင်ဘူး။ဒါပေမယ့်ဘုရားရှေ့မှာတော့ကိုယ့်လောက်ကောင်းတဲ့လူမရှိလောက်ဘူး ဆိုရလောက်အောင်ဟန်ဆောင်နေကြပါတယ်။ဘုရားရှင်ဟာ အားလုံးသိပါတယ်။ ဒါကြောင့်မို့ဘုရားရှင်ကသင့်ရဲ့ ညီအစ်ကိုနဲ့အဆင်မပြေဘူးဆိုရင် ယူဆောင်လာတဲ့ပူဇော်သက္ကာကို ခေတ္တထားပြီး သူတို့နဲ့ အဆင်ပြေအောင်လုပ်ပြီးမှပူဇော်ခြင်းမှာလာပြီးတန်းစီဆိုပြီး ဘုရားရှင်က ကျွန်ုပ်တို့ကို ဖိတ်ခေါ်ပါတယ်။ သူတစ်ပါးလက်ခံနိုင်ဖို့၊ ချစ်ဖို့၊ခွင့်လွှတ်ဖို့ အဓိကသော့ချက်က နှိမ့်ချခြင်းပဲဖြစ်ပါတယ်။ ယနေ့ အမိအသင်းတော်မှာ အောက်မေ့သတိရတဲ့ရဟန္တာကတော့ အီတလီနိုင်ငံ ပါဒူဝါမြို့ရဲ့ ရဟန္တာစိန့်အန်ထော်နီပဲဖြစ်ပါတယ်။ သူ့ကိုတစ်ချို့က အိုးခွက်၊ပန်းကန်ဆေးပြီး ရဟန္တာဖြစ်လာတယ်ဆိုပြီး ပြောကြတယ်။ ကျွန်ုပ်တို့ သင်ယူရမယ့်အချက်ကတော့တရားဟောရာမှာ အလွန့်အလွန်ကို နာမည်ကြီးကျော်ကြားတဲ့ စိန့်အန်ထော်နီဟာ မိမိကျောင်းတော်ရဲ့ ထမင်းချက်ခန်းမှာလည်း ညီအစ်ကိုနောင်တော်များနှင့်အတူ ချက်ပြုတ်ဆေးကြောလေ့ရှိပါတယ်။ သူရဲ့ဤကဲ့သို့သော စိတ်နှိမ့်ချမှုကြောင့် အားလုံးကို ချစ်နိုင်ပါတယ်။ ခွင့်လွှတ်နိုင်ပါတယ်။ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ခဲ့တယ်။ ကျွန်ုပ်တို့လည်း စိန့်အန်ထော်နီ နည်းတူညီအစ်ကိုမောင်နှမများနှင့်သင့်မြတ်စွာနေထိုင်ပြီး ထိုက်တန်သောပြင်ဆင်ခြင်းဖြင့်ပူဇော်ခြင်း၌ ပါဝင်နိုင်စေရန်လိုအပ်သော ကျေးဇူးတော်များကိုတောင်းခံကြပါစို့။

Daily Reflection