15.06.24 - Saturday of Week 10
ဇွန်လ ၁၅ ရက်၊ ၂၀၂၄၊ ၁၀ ကြိမ်မြောက်သာမန် စနေနေ့
ရှင်မာတေးဦး ၅း၃၃-၃၇ , Gospel Mt 5:33-37
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR
ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမ ဘာသာတူအပေါင်းတို့ကျိန်ဆိုခြင်း ကတိပြုခြင်းဆိုတာ ကျွန်ပ်တို့ နေ့စဉ်ဘဝအသက်တာမှာ မြင်တွေ့ကြားနာရတဲ့ အမှန်တရားတစ်ခုဖြစ်ပါတယ်။အများစုကတော့ ဘုရားရဲ့ အမည်နာမကို အသုံးပြုပြီး ကျိန်ဆိုကြတယ်ဆိုတော့ လေ့လာချက်တစ်ခုအနေဖြင့် မကြာခဏကျိန်ဆိုခြင်း ကတိပေးခြင်းအမှုတို့ကို ပြုလုပ်နေသောသူများဟာ မိမိကိုယ်ကို ယုံကြည်မှုအားနည်းခြင်း (မဟုတ်ရင်) မိမိ၌ ယုံကြည်မှုရှိသောသူများကို သက်သေပြရန် ဒီဓာတ်ပေးခြင်းတွေ ကုန်ဆိုခြင်းတွေ ပြုလုပ်ကြပါတယ်။ ထို့အပြင် မိမိကိုယ်ကို ယုံကြည်ကြသောသူများသည် စကားပြေားဆိုရာတွင် အလွန်ပြတ်သားပြီးတိကျမှန်ကန်မှု ရှိပေသည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်များသည် သခင်ခရစ်တော် ယနေ့ဧဝံဂေလိကျမ်းစာမှာ မိန့်ဆိုသည့်အတိုင်း “ဟုတ်လျှင် ဟုတ်သည်။ မဟုတ်လျှင် မဟုတ်ပါ” loon gen) ဟု ပြောဆိုသော သူများဖြစ်ကြသည်။ မိမိကိုယ်ကို ယုံကြည်ကြသော သူများသည် တစ်ပါးသူ၏ အသိအမှတ်ပြုခံခြင်း သို့မဟုတ် မိမိတို့ လက်ခံခြင်းအတွက် ဖြစ်သည်ကို ရန်တည်တံ့စွာ ပြောဆိုတတ်ကြသူများရှိပါသည်။ ရှိသည်။ ဖြစ်သည်။ထို့ကြောင့် နီတိဒေသနာကျမ်းတွင် သင်၏နှုတ်က ကျိန်ခြင်းကို အကျင့်မလုပ်နှင့် သန့်ရှင်းသောနာမတော်ကိုလည်း အခါပေးသိမ်း မထိမိစေနှင့် (နီတိ ၂၂း၈၉) ဟူသော ကျမ်းစာတော်မြတ်အတိုင်း ကျိန်ခြင်း အကျွန်တို့ကို ရှောင်ရှားပြီး ဘုရားသခင်၏ နာမတော်မြတ်ကို အလွဲသုံးစား မပြုလုပ်မိစေရန် လိုအပ်သော ကျေးဇူးတော်ကို ဆုတောင်းကြပါစို့။