Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-06-15 05:36:32

16.06.24-11th week of Sunday in Ordinary time
ဇွန်လ ၁၆ ရက်၊ ၂၀၂၄၊ ၁၁ ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့  
Ezek 17:22-24-2nd-2 Cor 5:6-10-Gospel Mk 4:26-34 - ရှင်မာကု ၄း၂၆-၃၄-
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR

ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမဘာသာတူအပေါင်းတို့..ကျွန်ုပ်တို့သည် သာမန်ကာလ ၁၁ကြိမ်မြောက် တနင်္ဂနွေနေ့မှာ သခင်ခရစ်တော်သည် ဘုရားသခင်၏နိုင်ငံတော်ကို သေးငယ်လှသောမျိုးစေ့နှင့်မုန့်ညှင်းစေ့ပုံဥပမာတို့ဖြင့် ရှင်းလင်းဖော်ပြခဲ့ကြောင်းကိုဖတ်ကြားခဲ့ပါတယ်။ ဘုရားသခင်၏ နိုင်ငံတော်သည် မျိုးစေ့တစ်စေ့ကို ကျပြီးနောက် အပင်ပေါက်ကြီးထွားလာခြင်း နှင့်တူ၏ဟုခရစ်တော်သခင် မိန့်တော်မူသည်။ ဆက်လက်ပြီး ဒီမျိုးစေ့ကြီးထွားခြင်း ပုံဥပမာကလည်း ရှင်မာကုဧဝံဂလိကျမ်းတွင်ပဲရှိပါတယ်။ မြေပေါ်၌ မျိုးစေ့ကို ကျလာပြီးနောက် ညနှင့်နေ့အလျောက် အိပ်သည်ဖြစ်စေ၊ နိုးသည်ဖြစ်စေမျိုးစေ့သည် အပင်ပေါက်လျှက်ကြီးထွားလာ၏။ ထို့ကြောင့် မျိုးစေ့ကြီးထွားလာရခြင်းမှာ မည်သူကြဲသည်ဖြစ်ပါစေ မျိုးစေ့သည် မိမိ၏ပင်ကိုပကတိအားဖြင့် ကြီးထွားလာရခြင်းဖြစ်သည်။ ထိုနည်း၎င်း ဘုရားသခင်၏ နိုင်ငံတော်ကြီးထွားလာခြင်းကိုမည်သူမှ မတားဆီးနိုင်ပေ။ဒီအကြောင်းကိုပဲ ရှင်ပေါလုက “ငါသည်ဧဝံဂလိတရားတော်အတွက်ကြောင့် ရာဇဝတ်သားကဲ့သို့ ဒုက္ခဝေဒနာခံစားရ၍ သံကြိုးဖြင့် ချည်နှောင်ခြင်းခံရ၏၊သို့ရာတွင် ဘုရားသခင်၏နှုတ်တော်ထွက်စကားသည် ချည်နှောင်ခြင်း မခံရပေ။” (၂တီ ၂း၄) ဟု မိန့်တော်မူ၏။ ရှင်ယောဟန်သည်လည်း “လေသည် မိမိအလိုရှိရာအရပ်သို့ တိုက်ခတ်၏။ လေတိုက်သံကို ကြားရသော်လည်း မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားသည်ကို သင်တို့မသိ။ ဝိညာဉ်တော်အားဖြင့်မွေးဖွားခြင်းခံရသူတို့သည်လည်း ထိုနည်းတူဖြစ်ကြ၏။”(ယော ၃း၈) ထို့အတွက်ကြောင့် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်အတွက် ဘုရားရှင်၏အသက်ပေးနှုတ်ကပတ်တော်အတွက် ကြောက်ရွံ့ခြင်းမရှိဘဲ ဟောပြောသက်သေခံရမည်ဖြစ်သည်။ မုန့်ညှင်းစေ့နည်းတူ သေးငယ်သောမျိုးစေ့မှ အပင်ပေါက်ကြီးထွားလာပြီး အပင်အားလုံးတို့တွင်အကြီးဆုံးဖြစ်လာပြီးမိုးကောင်းကင်ငှက်တို့သည် ၎င်း၏အရိပ်တွင်အသိုက်များပြုလုပ်နေထိုင်ကြ၏။ အမိကက်သလစ်အသင်းတော်ကြီးလည်းထိုနည်းတူပင်ဖြစ်ပေ၏။ခရစ်တော်၏တပည့်တော်ကြီး (၁၂) ဦးအားဖြင့်စတင်ခဲ့သော အသင်းတော် သည် ယနေ့ကမ္ဘာပေါ်တွင် အကြီးမြတ်ဆုံးဖြစ်တော်မူပေ၏။ ထို့ကြောင့် ဘုရားရှင်၏အစီအစဉ်ကို မည်သူမျှ မဖျက်စီးနိုင်ပေ။ ဘုရားရှင်၏ အစီစဉ်တော်မြတ်ကို လိုက်နာတတ်သောသူများဖြစ်စေဖို့ လိုအပ်တော်ဆုကျေးဇူးတော်များကို တောင်းလျှောက်ကြပါစို့။

Daily Reflection