17.06.24-11th week of Monday in Ordinary time
ဇွန်လ ၁၇ ရက်၊ ၂၀၂၄၊ ၁၁ ကြိမ်မြောက်သာမန် တနင်္လာနေ့
1-1 kgs 21:1-16-Gospel Mt 5:38-42 ရှင်မာတေးဦး ၅း၃၈-၄၂
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR
ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမဘာသာတူအပေါင်းတို့.တစ်ခါတစ်ရံမှာ ဒီကမ္ဘာလောကရဲ့ဥပဒေများသည် သင့်တင့်မျှတပြီး၊ဘုရားရှင်၏လိုက်နာရမည့်ဥပဒေများဟာမမျှတဘူးလို့ခံစားရကြပါတယ်။ ထိုနည်းတူစွာပဲ ဒီကနေ့ဧဝံဂေလိကျမ်းစာတော်မြတ်မှာ “တစ်စုံ တစ်ယောက်သည် သင်၏ညာဘက်ပါးကိုရိုက်လျှင် ကျန်ပါးတစ်ဖက်ကိုလည်း သူ့ထံသို့လှည့်ပေးဦးလော့၊ သင့်ကိုခရီးတစ်မိုင် သွားစေလျှင် ထိုသူနှင့်အတူခရီးနှစ်မိုင်သွားလော့” (မာတေ ၅:၄၉-၄၁)ဟု ခရစ်တော်သခင် မိန့်တော်မူ၏။ ဘုရားရှင်၏နှုတ်တော်ထွက်စကားများဟာ မိမိကိုယ်ကို ကြောက်ရွံ့စိတ်ရှိစေပြီး၊ ကျွန်များနည်းတူ အသက်ရှင်စေခြင်းဟုထင်ကောင်းထင်ကြပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရောမစစ်သည်တော်များသည် မိမိတို့ပိုင်နက်ထဲက မည်သူ့ကိုမဆိုနိုင်ထက်စီးနင်း ခိုင်းစေလို့ရပါတယ်။ ဒါကြောင့်လည်း ကာလ်ဝါရီတောင်ပေါ်မှာ သခင်ခရစ်တော်၏လက်ဝါးကားတိုင်ကို ခံထမ်းရန်စီမွန်အမည်ရှိ လူတစ်ယောက်အား အတင်းအဓမ္မ ရွေးချယ်ခိုင်းစေခဲ့တာကိုပြန်လည်သတိရမိပါတယ်။ ခရစ်တော်သခင်၏ စစ်မှန်တဲ့ဖိတ်ခေါ်ခြင်းသည် လူသားများဖန်တီးထားတဲ့ဥပဒေများကိုကျော်လွန်ပြီး တွေးခေါ်ဆင်ခြင်တတ်သော သူများဖြစ်ရန်ဘုရားရှင်သည် သူ၏တပည့်တော်များနှင့်ကျွန်ုပ်တို့ကို ဖိတ်ခေါ်နေတယ်။ ထို့ကြောင့် ပညာတ်တော်သည် “မျက်စိအစားမျက်စိ၊သွားအစားသွား” (မာတေ ၅း၃၈) ဟု ဆိုသော် ထိုကဲ့သို့သောကလက်စားချေပြန်လည်တုန့်ပြန်ခြင်းမျိုးကို ရှောင်ရှားရန်ဘုရားရှင်ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မိမိ၌ဆင်ခြင်တတ်သောအသိဉာဏ်ကို ဘုရားရှင်ပေးသနားတော်မူပါရန် ဆုတောင်းကြပါစို့။