19.06.2024 11th week of Wednesday in Ordinary time
ဇွန်လ ၁၈ ရက်၊ ၂၀၂၄၊ ၁၁ ကြိမ်မြောက်သာမန် ဗုဒ္ဓဟူးနေ့
2 kgs 2:1,6-14 - Gospel Mt 6:1-6,16-18 - ရှင်မာတေးဦး ၆း၁-၆, ၁၆-၁၈
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR
ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမဘာသာတူ အပေါင်းတို့...ရဟန္တာတစ်ပါးရဲ့ လျှို့ဝှက်ချက်ဆိုတာ လျှို့ဝှက်စွာဆုတောင်းပထာနာပြုခြင်းပဲဖြစ်ပါတယ်။ ယနေ့ ဧဝံဂေလိသတင်းစကားတော်၌ ကျွန်ုပ်တို့မည်ကဲ့သို့ ဆုတောင်းရမည်၊ ဆုတောင်းရာတွင်မည်ကဲ့သို့ စိတ်နေစိတ်ထားရှိရမည်ကို ကျမ်းရေးပုဂ္ဂိုလ် ရှင်မာတေဦးအားဖြင့် “သင်တို့မူကား ဆုတောင်းသောအခါ သင်တို့၏အခန်းတွင်းသို့ ဝင်၍ တံခါးကိုပိတ်ပြီးမှ စိတ်ကွယ်ရာ၌ရှိတော်မူသော သင်တို့၏ အဖထံသို့ဆုတောင်းလော့။”(မာတေ ၆း၆)ဟု မိန့်ဆိုတော်မူ၏။ ဆုတောင်းရာတွင် (၁) သင်တို့၏ အခန်းထဲသို့ဝင်၍ ဆိုလိုသည်မှာဆုတောင်းခြင်းဆိုတာ စတားလုံးများကိုအမြဲရွတ်ဖတ်ခြင်းမျိုးမဟုတ်ဘဲ မိမိရဲ့အတွင်းစိတ်နှလုံး၌ ဘုရားရှင်နှင့်အတူမိတ်ဖွဲ့ခြင်းကို ဆိုလိုပါတယ်။ ဒါကြောင့်မို့ အခန်းထဲသို့ဝင်တယ်ဆိုတာ မိမိရဲ့ စိတ်နှလုံးထဲကို ဆိုလိုတာပါ။ (၂) တံးခါးကိုပိတ်ပြီးမှကျွန်ုပ်တို့ရဲ့အပြင်ဆူညံသံများ မိမိရဲ့ လုပ်ချင်၊ ပြောချင်သောဆန္ဒများကို အပြင်မှာပင် ထားခဲ့ပြီးတံခါးပိတ်လိုက်တော့။ ထိုမှသာ ဘုရားရှင်တစ်ဦးတည်းကို ဝတ်ပြုလို့ရမှာဖြစ်တယ်။ (၃) စိတ်ကွယ်ရာ၌ ရှိတော်မူသောသင်တို့အဖထံသို့ ဆုတောင်းလော့ ဘုရားရှင်သည် လူသားများ၏အတွေးအာရုံထက်လွန်ကဲပြီးမမြင်နိုင်သောအရပ်၌တည်ရှိနေခြင်းပဲဖြစ်တယ်။ ထိုဘုရားရှင်ကို မိမိရဲ့ အတွင်းစိတ်နှလုံးမှ အပြင်လောကရဲ့ မာယာများတဲ့တံခါးများကိုပိတ်ပြီးဘုရားရှင်တည်ရှိခြင်းကို မိမိ၌ခံစားနိုင်ရန် ထိုသခင်၌ဆုတောင်းမေတ္တာများအားဖြင့် ပြန်လည် ကြေအေးသင့်မြတ်နိုင်ရန် လိုအပ်သော ကျေးဇူးတော်များကိုတောင်းလျှောက်ကြပါစို့။