20.06.2024 - 11th week of Thursday in Ordinary time
ဇွန်လ ၂၀ ရက်၊ ၂၀၂၄၊ ၁၁ ကြိမ်မြောက်သာမန်ကာလကြာသပတေးနေ့
Sir 48:1-15-Gospel Mt 6:7-15 - ရှင်မာတေးဦး ၆း၇-၁၅
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR
ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမ ဘာသာတူအပေါင်းတို့.ဤယနေ့ကျမ်းစာတော်မြတ်တွင် သခင်ခရစ်တော်သည် မိမိ၏ တပည့်တော်များကို ကောင်းကင်ဘုံမေတ္တာကို သင်ကြားပေးခဲ့ပါတယ်။ ကောင်းဘုံမေတ္တာရဲ့အစမှာတွင်ပဲ“ကိုယ်တော်၏နိုင်ငံတော်သည် ရောက်ပါစေသော်”(မာတေ ၆း၁၀)ဟူသောဆုတောင်းခြင်းသည်သခင်ဘုရား၏အလိုတော်ဖြစ်တော်မူသော ကိုယ်တော်နိုင်ငံတော်အကြောင်းကိုသီချင်းဆိုခြင်းဖြစ်ပါတယ်။သို့ဖြစ်ပါ၍ မိမိတို့နေ့စဉ်ဆုတောင်းရွတ်ဆိုသည့်ကောင်းကင်ဘုံမေတ္တာ၏အနက်အဓိပ္ပာယ်ကိုကောင်းမွန်စွာ နားလည်ဖို့တော့ လိုအပ်ပါတယ်။ ဘုရားရှင်၏နိုင်ငံတော်၊ ဘုရားရှင်၏အလိုတော်ဆိုပြီးတော့ ဆုတောင်းပြီး မိမိအလိုဆန္ဒအတိုင်း လိုက်လုပ်နေရင်တော့ ကျွန်ုပ်တို့ဆုတောင်းနေတဲ့ ကောင်းကင်ဘုံမေတ္တာဟာ တန်ဖိုးမဲ့သွားပါတယ်။လူသားသည် မိမိရဲ့အလိုဆန္ဒကိုရှေးရှုပြီး လောကရဲ့ မာယာများကို ရင်ဝယ်ပိုက်ဘုရားမဲ့၊တရားမဲ့နေခြင်း၌ သာ၍ပျော်နေကြပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့သည် ဘုရားရှင်၏အလိုတော်မြတ်ကို ဦးထိပ်ထားပြီး မိမိ၏ဆုတောင်းမေတ္တာများရဲ့လေးနက်ခြင်းကို ခံယူရရှိနိုင်ရန်လိုအပ်သော ကျေးဇူးတော်များကို တောင်းလျှောက်ကြပါစို့။