21.06.2024 - 11th week of Friday in Ordinary time
ဇွန်လ ၂၁ ရက်၊ ၂၀၂၄၊ ၁၁ ကြိမ်မြောက်သာမန်ကာလသောကြာနေ့
Gospel Mt; 6:19-23 - ရှင်မာတေးဦး ၆း၁၉-၂၃
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR
ဒီနေ့ကျမ်းစာအားဖြင့်ခရစ်တော်ဘုရားရှင်က အချက်၂ချက်အားဖြင့်ထောက်ရှုစဥ်းစားဖို့ ဖိတ်ခေါ်တယ်။ ၁)ပထမအချက်ကတော့-ကျွန်ုပ်တို့ဦးစားပေးခြင်းတွေကိုပြောင်းလဲဖို့ပဲ။ လောကီရေးရာမှကောင်းကင်သို့ ဦးတည်ဖို့ဖိတ်ခေါ်သတိပေးနေတယ်(Jn; 15:18)၌ခရစ်တော်ကပြောတယ်‘’သင်တို့က လောကနှင့်ဆိုင်သည်မဟုတ်၊သင်တို့ကို လောကထဲမှရွေးကောက်တော်မူမည်။’’ဒါကြောင့်ကျွန်ုပ်တို့လောကမှာနေပေမဲ့ လောကနှင့်မဆိုင်ဘူး၊ကောင်းကင်နှင့်သာသက်ဆိုင်တော်မူတယ်။ဒါကြောင့်ခရစ်တော်ကကျွန်ုပ်တို့ရဲ့ စိတ်နှလုံးသားကိုကောင်းကင်ဘုံသို့ ဦးတည်ဖို့သတိပေးခြင်းဖြစ်တယ်။၂) ဒုတိယအချက်ကမျက်စိကခန္ဓာကိုယ်၏ ဆီမီးခွက်ဖြစ်တယ်။ မျက်စိကောင်းမှ အမြင်ကောင်းမယ်။ကျွန်ုပ်တို့ဘ၀မှာအကောင်းမြင်တတ်တဲ့စိတ်တွေကအရေးကြီးတယ်။ အခက်ခဲတွေ၊စိန်ခေါ်မှုတွေရှိပေမဲ့ဘုရားရှင်ကလူ့ဘ၀ကိုပေးထားတယ်၊ အရည် အချင်းတွေပေးထားတယ်။ ရရှိထားတဲ့ဘ၀ကိုတန်ဖိုးထားရမယ်။ ဘ၀မှာဖြစ်ပျက်တာတွေကလည်း အကောင်းအတွက်ပဲဆိုတဲ့အမြင်နဲ့အသက်ရှင်ရင်း ဘ၀ကလည်း အဓိပ္ပါယ်ရှိမယ်၊ပျော်ရွှင်လိမ့်မည်။